ဂျူးလူမျိုးတို့၏ အဦးသီး ပွဲတော်သည် ပသခါပွဲ ကဲ့သို့ နာမည်ကြီးခြင်းမရှိပါ။ သို့သော် မောရှေသည် ဘုရားသခင်၏ အမိန့်တော်အတိုင်း အဦးသီးပွဲတို စတင်ခဲ့သည်။ ဝတ်ပြုရာကျမ်း ၂၃ တွင် မောရှေအားဖြင့် သတ်မှတ်ထားသော ပွဲတော်ခုနစ်ခုကို ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ပသခါပွဲ နှင့် ဥပုသ်တော်နေ့ တို့ကို ကြည့်ခဲ့ရပြီဖြစ်ပြီး၊ ယေရှုသည် ၎င်းတို့အား ထူးထူးခြားခြားနည်းလမ်းများဖြင့် ဖြည့်ဆည်းပေးပုံကို တွေ့မြင်ခဲ့ကြရသည်။
သခင်ယေရှု၏ ကားတိုင်တင်ခံရခြင်း နှင့် အသေခံခြင်း နှစ်ခုစလုံးသည် ကြိုတင်သတ်မှတ်ထားသော ဤပွဲတော်နှစ်ခုတွင် အတိအကျဖြစ်ပျက်ခဲ့သည်ကို သိချင်ကြသည်မဟုတ်လား။

ဘာကြောင့်လဲ။ ဘာကိုဆိုလိုသလဲ။
လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ က မောရှေသတ်မှတ်ထားသော ပသခါနှင့်ဥပုသ်ပြီးနောက် နောက်ထပ် ပွဲတော်မှာ ‘အဦးသီးပွဲတော်’ ဖြစ်သည်။ မောရှေသည် ထိုညွှန်ကြားချက်များကို ပေးခဲ့သည်။
ဟေဗြဲ အဦးသီးများ ပွဲတော်
၉ တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊၁၀ သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးကိုရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။ ၁၁ သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
ဝတ်ပြုရာ ၂၃:၉-၁၁

၁၄ သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သကာကိုဆောင်ခဲ့သောနေ့ မရောက်မီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
ဝတ်ပြုရာ ၂၃:၁၄
ပသခါပွဲ၏ ‘ဥပုသ်နေ့’ သည် ဤတတိယမြောက် မြင့်မြတ်သောပွဲတော်ဖြစ်ပြီး အဦးသီးပွဲ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဤနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသောဗိမာန်တော်သို့ ဝင်ရောက်ပြီး ပထမအကြိမ် နွေစပါးရိတ်သိမ်းခြင်းကို ပူဇော်သည်။ ဆောင်းရာသီအပြီးတွင် ဘဝသစ်စတင်ခြင်းကို ဆိုလိုသည်။ ၎င်းသည် ပေါများသော ရိတ်သိမ်းမှုဆီသို့ မျှော်ကြည့်ကာ လူအများကိုကျေနပ်စွာ စားသောက်နိုင်စေကာ အသက်ရှင်စေသည်။
ထိုနေ့သည် ယေရှု သေခြင်း၌ အနားယူ၍ ဥပုသ်နေ့ ပြီးသော နေ့ အတိအကျဖြစ်သည်။ နိသန်လ ၁၆ ရက်နေ့သည် နောက်အပတ်၏ တနင်္ဂနွေနေ့ဖြစ်သည်။ ဤနေ့တွင်ဖြစ်ပျက်ခဲ့သမျှကို ခရစ်ဝင်ကျမ်းက မှတ်တမ်းတင်ထားသည်။ ယဇ်ပုရောဟိတ်မင်းသည် ဗိမာန်တော်သို့သွား၍ အသက်တာသစ်၏ အဦးသီးကို ပူဇော်သောနေ့ဖြစ်သည်။ ယခုအီစတာ၊ ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေဟုလူသိများသော အဦးသီးပွဲသည် ဤရှေးခေတ်ပွဲတော်တွင် ပရောဖက်ပြုထားသည့်အတိုင်း သင်နှင့်ကျွန်ုပ်တို့အတွက် အသက်တာအသစ်ကို မည်သို့ပေးဆောင်သည်ကို ကြည့်ပါ။
သခင်ယေရှုသည် သေခြင်းမှထမြောက်သည်

၁ ခုနစ်ရက်တွင် ပထမနေ့ရက် အရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။ ၂ ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လှန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ဝင်သော်၊ ၃ သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။ ၄ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။ ၅ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။ ၆ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ ၇ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊ ၈ ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊
၉ သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တစ်ကျိပ်တစ်ပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။ ၁၀ ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများ ဖြစ်သတည်း။ ၁၁ သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။ ၁၂ သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
လုကာ ၂၄:၁-၁၂
ဧမောက်ရွာသို့သွားသောလမ်း၌
၁၃ ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊ ၁၄ ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ၁၅ ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။ ၁၆ ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။
၁၇ ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊
မတ်တပ်ရပ်လိုက်ကြပြီး မျက်နှာတွေ ညှိုးငယ်သွားကြသည်။ ၁၈ သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။
၁၉ ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊
“နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။ ၂၀ ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။ ၂၁ ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့သည် အထက်ကမျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။ ၂၂ ငါတို့၏အပေါင်းအဖော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊ ၂၃ အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသော ကောင်းကင်တမန် ထင်ရှားရာ ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။ ၂၄ ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။”
၂၅ ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ၂၆ ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။ ၂၇ ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။
၂၈ ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊ ၂၉ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။
၃၀ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ ၃၁ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ ၃၂ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။
၃၃ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ချင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တစ်ကျိပ်တစ်ပါးသောသူတို့သည် အပေါင်းအဖော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။ ၃၄ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊ ၃၅ ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သော အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ ပြန်ကြားကြ၏။
လုကာ ၂၄:၁၃-၃၅
ယေရှုသည် တပည့်တော်တို့ထံ ကိုယ်ထင်ပြခြင်း
၃၆ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။
၃၇ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ် ရှိကြသနည်း။ ၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊
၄၀ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ၄၁ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊ ၄၂ ငါးကင်တစ်ပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ၄၃ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
၄၄ တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။
၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊ ၄၆ ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ ၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ ၄၈ သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။
လုကာ ၂၄:၃၆-၄၈

သခင်ယေရှု၏ အဦးသီး အောင်မြင်မှုများ
သေခြင်းမှထမြောက်သောအခါ ယေရှုသည် ‘အဦးသီးများ’ ပွဲတော်တွင် သေခြင်းအပေါ် အောင်ပွဲခံခဲ့သည်။ ဤသည်မှာ သူ့ရန်သူများနှင့် တပည့်တော်တို့ကပါ မဖြစ်နိုင်ဘူးဟု ထင်သော စွမ်းဆောင်မှုတစ်ခုဖြစ်သည်။ ယနေ့တွင် သူ၏အောင်မြင်ခြင်းသည် ကောင်းမွန်သော အောင်ပွဲဖြစ်သည်။
၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။
၅၅ အို သေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။
အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
၅၇ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား
ပေတည်း။
၁ ကောရိန္သု ၁၅:၅၄-၅၆
‘အဦးသီး’ တို့သည် အကြီးကျယ်ဆုံးသော အခန်းကဏ္ဍကို ပြောင်းပြန်လှန်ပေးခဲ့သည်။ ယခင်က သေခြင်းတရားသည် လူသားများအပေါ်တွင် အကြွင်းမဲ့အာဏာရှိခဲ့သည်။ ယခုမူကား၊ ယေရှုသည် သေခြင်းတရားကို လွှမ်းမိုးနိုင်ပြီ။ ယေရှုက ထိုအရာကို အနိုင်ယူခဲ့သည်။ ယေရှုသည် အပြစ်မရှိဘဲ အသေခံခြင်းဖြင့် အနိုင်ယူ၍မရနိုင်သော သေခြင်းတရားကို အနိုင်ယူရန် အစကိုတွေ့ရှိခဲ့သည်။ ယခင်တနင်္ဂနွေနေ့ကပ်င ယေရုရှလင်မြို့သိုဝင်သောအခါ သူပြုမည်ဟု ပြောခဲ့သည့်အတိုင်း အတိအကျဖြစ်သည်။
သင်နှင့်ကျွန်ုပ်အတွက် အောင်ပွဲ
သို့သော် ထိုအရာသည်ယေရှုအတွက် အောင်ပွဲတစ်ခုမျှသာ မဟုတ်ပါ။ အဦးသီးများဖြင့် သင်နှင့်ကျွန်ုပ်အတွက် အာမခံချက်ပေးသော အောင်ပွဲတစ်ခုလည်းဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည် –
၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။ ၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။ ၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။ ၂၃ သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ၂၄ ထိုအခါ ခရစ်တော်သည် အထွတ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။ ၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ ၂၆ နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။
၁ ကောရိန္သု ၁၅:၂၀-၂၆

Distant Shores Media/Sweet Publishing, CC BY-SA 3.0, via Wikimedia Commons
ယေရှုသည် အဦးသီးပွဲတွင် ရှင်ပြန်ထမြောက်ခဲ့ပြီး သေခြင်းမှထမြောက်ခြင်းတွင်ပါဝင်နိုင်ရန် ကျွန်ုပ်တို့ကိုခေါ်ဖိတ်ကြောင်း ကျွန်ုပ်တို့သိရှိနိုင်စေရန်ဖြစ်သည်။ အဦးသီးများပွဲသည် နောက်ပိုင်းတွင် ကြီးစွာသော အသီးအနှံများကို မျှော်လင့်ခြင်းဖြင့် နွေဦးအသက်တာသစ်ကို ပူဇော်သက္ကာပြုခြင်းဖြစ်သည်။ အလားတူ၊ ‘အဦးသီးများ’ ပွဲတွင် ယေရှုထမြောက်ခြင်းသည် ‘ကိုယ်တော်နှင့်စပ်ဆိုင်သူ’ အားလုံးအတွက် နောက်ပိုင်းတွင် ထမြောက်ခြင်းမျှော်လင့်ချက်ရှိနေသည်။
နောက်ထပ်အာဒံ…
သမ္မာကျမ်းစာမှ အထက်ပါကိုးကားချက်သည် လူသားအားလုံး၏ မျိုးရိုးစဉ်ဆက်ဖြစ်သော အာဒံ ၏ပုံသက်သေကို အသုံးပြု၍ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ရှင်းပြထားသည်။ ကျွန်ုပ်တို့အားလုံးက သူ၏သားသမီးများဖြစ်သည်။ အာဒံ၏သေခြင်းမှတစ်ဆင့် လူသားအားလုံးထံ ရောက်ရှိလာကြောင်း သမ္မာကျမ်းစာက ရှင်းပြထားသည်။
သို့သော် ယေရှုသည် နောက်အာဒံဖြစ်သည်။ သေခြင်းတရားကို အောင်ပွဲခံခြင်းဖြင့် အသက်တာသစ်ကို စတင်ခဲ့သည်။ သူ၏သားသမီးများအနေနှင့်၊ ယေရှုကဲ့သို့ သေခြင်းအပေါ်ရှင်ပြန်ထမြောက်ခြင်းတွင် ကျွန်ုပ်တို့လည်း ပါဝင်ကြမည်ဖြစ်သည်။ အဦးသီးများပွဲတော်သည် လာမည့်ပင်မရိတ်သိမ်းချိန်ကိုညွှန်ပြသည့်အတိုင်း သူဦးစွာထမြောက်ခဲ့ပြီး ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းသည် နောက်ပိုင်းတွင်လာပါသည်။ ကျွန်ုပ်တို့၏ ရှင်ပြန်ထမြောက်ခြင်းသည် သူ၏နောက်သို့လိုက်နိုင်စေရန်၊ ပထမဆုံးသောအသက်တာ၏ အဦးသီးများကိုခံယူရန် ကျွန်ုပ်တို့ကိုခေါ်ဖိတ်နေသည်။
အီစတာ – ထိုတနင်္ဂနွေနေ့ ရှင်ပြန်ထမြောက်ခြင်းကို ဂုဏ်ပြုခြင်း
ယနေ့တွင်၊ ကျွန်ုပ်တို့သည် ယေရှု၏ထမြောက်ခြင်းကို အီစတာ ဟု မကြာခဏခေါ်ဆိုကြပြီး အီစတာ တနင်္ဂနွေသည် ကိုယ်တော်ရှင်ပြန်ထမြောက်သော တနင်္ဂနွေနေ့ကို အထိမ်းအမှတ်ပြုသည်။ အီစတာပွဲကျင်းပရန် သီးခြားနည်းလမ်းသည် အရေးမကြီးပါ။ အရေးကြီးသည်မှာ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် အဦးသီးများပြည့်စုံခြင်းနှင့် ၎င်း၏အကျိုးကျေးဇူးများကို ရရှိခြင်းပင်ဖြစ်သည်။
ထိုအရာကို တစ်ပတ်တာ အချိန်ပြဇယားတွင်တွေ့ရသည် –

‘သောကြာနေကြီး’ ပြန်လည်သုံးသပ်ချက်များ
ဤသည်မှာ ‘သောကြာနေ့ကြီး’ သည် အဘယ်ကြောင့် ‘ကောင်းသောနေ့’ ဖြစ်သည်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏မေးခွန်းကို အဖြေပေးပါသည်။
၉ ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှာ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင်ကြ၏။
ဟေဗြဲ ၂:၉
သခင်ယေရှု ‘သေခြင်း’ ကိုမြည်းစမ်းသောအခါ သင်၊ ကျွန်ုပ်၊ နှင့် ‘လူသားတိုင်း’ အတွက် ထိုသို့ပြုတော်မူ၏။ သောကြာနေ့ကြီးသည် ကျွန်ုပ်တို့အတွက် ကောင်းမွန်သောကြောင့် ‘ကောင်းသောနေ့’ ဖြစ်သည် ။
ယေရှုရှင်ပြန်ထမြောက်ခြင်းကို ချင့်ချိန်ကြည့်ခြင်း
ယေရှုသည် ရှင်ပြန်ထမြောက်ကြောင်း သက်သေပြရန် ရက်ပေါင်းများစွာ သေခြင်းမှ သူ့ကိုယ်သူ အသက်ရှင်ပြခဲ့ခြင်းကို ဤနေရာတွင် မှတ်တမ်းတင် ထားသည်။ တပည့်တော်တို့ထံ ပထမဦးစွာ ကြွလာသည်ကား –
…ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍၊
လု ၂၄:၁၁
ယေရှုက –
27 ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊
လု ၂၄:၂၇
နောက်တခါ –
၄၄ တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။
လု ၂၄:၄၄
သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို ပထမတွင် တပည့်တော်များ မယုံခဲ့ပါ။ ယေရှုသည် သူတို့ထံ ကြွလာသည်မှအပြင်၊ ပရောဖက်များကြိုဟောပုံကိုလည်း သူတို့အား ပြသရမည်ဖြစ်သည်။
သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အခိုင်အမာဆိုချက်ကို ကျွန်ုပ်တို့ရင်ဆိုင်တွေ့ရသောအခါတွင်၊ ကျွန်ုပ်တို့သည် တပည့်တော်များကဲ့သို့ပင် ယုံကြည်ရန်ခက်ခဲပေမည်။ ယေရှုသည် သေခြင်းမှထမြောက်ကြောင်းကို ကျွန်ုပ်တို့ မည်သို့ယုံကြည်နိုင်သနည်း။ ဤအရာသည် ကျွန်ုပ်တို့ကို ထာဝရအသက်ပေးမည့် ဘုရားသခင်၏အစီအစဉ်အမှန်ဟုတ်မဟုတ်ကို ကျွန်ုပ်တို့မည်သို့သေချာနိုင်မည်နည်း။ ယေရှု၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာမေးခွန်းများကို ကျွန်ုပ်တို့ စဉ်းစားတွေးတောရာတွင် ကူညီရန်၊ ကျွန်ုပ်တို့စူးစမ်းလေ့လာရမည်မှာ –
- ယေရှု၏ထူးခြားသောအသက်မွေးဝမ်းကြောင်းသည် ဂျူးလူမျိုးတို့နှင့် မည်သို့တွဲဖက်သနည်း။ ယင်းက သမိုင်းတွင် အလုပ်၏မြင့်မြတ်သောတန်ခိုးကို ပြသသည်။
- ယေရှု၏ မြေကြီးဆိုင်ရာ ဓမ္မအမှု၏ နောက်ဆုံးရက်သတ္တပတ်လုပ်ဆောင်ချက်များသည် ဖန်ဆင်းခြင်းရက်သတ္တပတ်ဖြစ်ရပ်များနှင့်အတူ စည်းချက်ညီညီရှိသည်။ ထို့ကြောင့် ဤသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သည့် စီစဉ်ဖန်တီးမှုကိုပြသသည် – လူသားတို့၏ စိတ်ဖြင့် ညှို့ယူ၍မရပေ။
- ရှင်ပြန်ထမြောက်ခြင်း၏ ကျိုးကြောင်းဆီလျော်သော စစ်ဆေးမှုတစ်ခု။ ထောက်ခံဖို့ သမိုင်းအထောက်အထား ရှိပါသလား။
- ယေရှု ဘာကြောင့် လက်ဝါးကပ်တိုင်မှာ အသေခံသလဲ။ သင်နီင့်ကျွန်ုပ် အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။
- ကိုဗစ်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏လတ်တလောကမ္ဘာ့အတွေ့အကြုံများသည် ယေရှုအသေခံခြင်း၏အဓိပ္ပာယ်ကိုနားလည်ရန် ပုံဥပမာတစ်ခုပေးဆောင်သည်။