သို့မဟုတ် ‘ယုံကြည်ခြင်း’ဖြင့် ရိုးရှင်းစွာ ခံယူပါသလား
ဘုရားသခင် အမှန်တကယ်တည်ရှိခြင်း၊ မရှိခြင်းကို ဆင်ခြင်တုံတရားဖြင့် သိရှိနိုင်သလားဟု လူအများက မေးကြသည်။ နောက်ဆုံးတွင်၊ ဘုရားသခင်ကို မည်သူမျှမမြင်ဖူးပါ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော အတွေးအမြင်သည် ကျွန်ုပ်တို့၏စိတ်ပညာကို ရိုးရှင်းစွာ လှုံဆော်နေခြင်းဖြစ်စည်။ ဘုရားသခင်တည်ရှိခြင်းသည် ကျွန်ုပ်တို့၏မိမိကိုကိုယ်နားလည်မှု၊ ကျွန်ုပ်တို့၏အနာဂတ်နှင့် ဘဝ၏အဓိပ္ပာယ်ကို သက်ရောက်မှုရှိသောကြောင့် စူးစမ်းလေ့လာသင့်သည်။ ဘုရားသခင်ရှိမရှိကို တိကျမှန်ကန်စွာ သက်သေပြသည့် ကျိုးကြောင်းဆီလျော်သော စစ်ဆေးမှု(၃)ခုရှိသည်။
စစ်ဆေးမှု (၁)၊ ကျွန်ုပ်တို့၏မူလအစသိပ္ပံနည်းကျအထောက်အထားများသည် ဖန်ဆင်းရှင်ရှိကြောင်း သက်သေပြသည်
သင်နှင့်ကျွန်ုပ်တို့သည် တည်ရှိပြီး၊ အံ့သြဖွယ်ကောင်းလောက်အောင် တည်ဆောက်ထားပြီး၊ ကျွန်ုပ်တို့သည် အပြန်အလှန်ချိတ်ဆက်ကာ စက်အစိတ်အပိုင်းများကဲ့သို့ ကောင်းစွာချိန်ညှိထားသော၊ အခြားအသက်တာ၏ ကွဲပြားမှုကိုပံ့ပိုးပေးသည့် ကမ္ဘာတစ်ခုတွင် အတူတကွလုပ်ဆောင်ရန် ကောင်းစွာညှိယူထားခြင်းပဲဖြစ်သည်။ သိပ္ပံပညရှင်ဦးစီးအဖွဲ့သည် လူသား၏ ဇီဝကို DNA ဖြင့် အောက်ပါအတိုင်း ဖော်ပြခဲ့သည် –
“ပထမအနီးစပ်ဆုံးအနေဖြင့် ထို့ကြောင့်DNA ကို သင်ကြားရေး အညွှန်းတစ်ခု၊ ဆော့ဖ်ဝဲလ်ပရိုဂရမ်တစ်ခုအနေနဲ့ … ကုဒ်အက္ခရာ ထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားသော…
Francis Collins. The Language of God. 2006. p102-103
ပရိုဂရမ်က မည်သို့ ‘လည်ပတ်’ သနည်း။… စက်ရုံ [ribosome] ရှိ ခေတ်မီသော ဘာသာပြန်အဖွဲ့တစ်ဖွဲ့သည် ဤမော်လီကျူးအတွင်းရှိ အချက်အလက်များကို တိကျသော ပရိုတင်းအဖြစ်သို့ ပြောင်းလဲပေးသည်။
Ibid p 104
ထိုအရာ စဉ်းစားဖို့ရန် နောက်တစ်နည်းမှာ ဘာသာစကား၏ နိမိတ်ပုံ ကို သုံးသပ်ဖို့ဖြစ်သည် … ဤစကားလုံးများ [ပရိုတင်း] သည် ရှုပ်ထွေးသော စာပေလက်ရာများကို တည်ဆောက်ရန်အတွက် အသုံးပြုနိုင်သည်။
Ibid p 125
‘ဆော့ဖ်ဝဲလ်ပရိုဂရမ်များ’၊ ‘စက်ရုံများ’ နှင့် ‘ဘာသာစကားများ’ တို့သည် အသိဉာဏ်ရှိသောသတ္တဝါများမှသာ ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဇာစ်မြစ်အတွက် ပထမဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံးရှင်းပြချက်မှာ ဉာဏ်ရည်ထက်မြက်သော ဒီဇိုင်နာ—ဘုရားသခင်- ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်းဖြစ်ကြောင်း အလိုလိုသိမြင်လာပုံရသည်။ ဉာဏ်ရည်ဉာဏ်သွေးမပါဘဲ ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးမှုကို ရှင်းပြရန် ကြိုးပမ်းသည့် ဆင့်ကဲဖြစ်စဉ်သီအိုရီနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးမှုကို ဉာဏ်ရည်ဉာဏ်သွေးမရှိဘဲ ဆန်းစစ်ကြည့်သည်ကို ဤနေရာတွင် ပိုမိုနက်ရှိုင်းစွာစူးစမ်းလေ့လာနိုင်သည်။
စစ်ဆေးမှု (၂)၊ ယေရှု၏ သမိုင်းဝင် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအမှုအရာ
သေခြင်းတရားသည် လူသားအားလုံးကို စောင့်မျှော်နေသော နောက်ဆုံးကံကြမ္မာဖြစ်သည်။ ကျွန်ုပ်တို့၏ သဘာဝစနစ်များသည် မယုံနိုင်လောက်အောင် ဒီဇိုင်းထုတ်ထားသော်လည်း၊ အမြဲတမ်းယိုယွင်းနေပါသည်။ သို့သော် ယေရှုသည် သေခြင်းမှထမြောက်ကြောင်း အလွန်ခိုင်မာသောသမိုင်းဝင်ဖြစ်ရပ်တစ်ခုရှိသည်။ အမှန်ဆိုလျှင် အကျုံးဝင်သော ရှင်းလင်းချက်အများစုသည် သဘာဝကို ကျော်လွန်သော သဘာဝလွန်စွမ်းအားကို ညွှန်ပြသည်။ ရှင်ပြန်ထမြောက်ခြင်းကို ဆန်းစစ်ပြီး ယေရှုသည် သေခြင်းမှ ထမြောက်ခြင်းရှိမရှိ သင့်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ သို့ဆိုလျှင်၊ ဤအရာသည် ကမ္ဘာပေါ်တွင်ရှိနေသော သဘာဝလွန်တန်ခိုး (ဘုရားသခင်) ကို သရုပ်ပြသည်။
စစ်ဆေးမှု (၃)၊ ယေရှု၏ပရောဖက်ပြုချက်များသည် မြင့်မြတ်သောအကြံအစည်ကို ညွှန်ပြသောကြောင့် ဤအကြံအစည်ကို အကောင်အထည်ဖော်နိုင်သော မြင့်မြတ်သောစိတ်ထားရှိခြင်း
ယေရှုအသက်တာ၏ဖြစ်ရပ်များစွာကို စကားလုံးနှင့် ပြဇာတ်များမှတစ်ဆင့်၊ သူအသက်မရှင်မီ နှစ်ရာနှင့်ချီ၍ ပရောဖက်ပြုထားသည်။ များစွာသော ပရောဖက်ပြုချက်များ၏ ထင်ရှားသောပြည့်စုံမှုသည် စိတ်၏ပူးပေါင်းဆောင်ရွက်မှုကို ပြသသည်။ သို့သော် ဤအဖြစ်အပျက်များသည် နှစ်ပေါင်းရာနှင့်ချီ ကွာဝေးပြီးဖြစ်သောကြောင့် လူသား၏စိတ်သည် အချိန်နှင့်အမျှ ဝေးကွာနေသောအနာဂတ်ကို ကြိုမြင်နိုင်မည်မဟုတ်သောကြောင့်၊ ထိုအရာသည် အချိန်ကိုကျော်လွန်နေသော စိတ်နှင့် စကားပြောခြင်းဖြစ်သည်။ ပရောဖက်ပြုချက်များ၏ ရှုပ်ထွေးပွေလီမှုနှင့် ကွဲပြားမှုကို ဆန်းစစ်ပြီး ယင်းတို့ကို သဗ္ဗညုတဉာဏ်ဖြင့် အချက်ပြပြီး သူ၏အကြံအစည်ကို အကောင်အထည်ဖော်ခြင်းမှတပါး အခြားနည်းလမ်းဖြင့် ရှင်းပြနိုင်မည်လား။ ထိုသို့ဆိုလျှင် လူ့ဘ၀တွင် ပေါင်းစပ်နိုင်သောထိုစိတ်ဟာ တည်ရှိနေရမည်။ ဤသည်မှာ စူးစမ်းလေ့လာရန် အချို့ဖြစ်သည်။
- လက်ဝါးကပ်တိုင်တွင် အသေခံမည့်နေရာကို ညွှန်ပြခြင်းအားဖြင့် နှစ်ပေါင်း၂၀၀၀ မတိုင်မီမှာ အာဗြဟံက ယေရှုကို မည်သို့ကြိုမြင်ခဲ့သနည်း။
- ကားတိုင်ပေါ်အသေခံရသည့်နှစ်၏နေ့ကို ညွှန်ပြခြင်းဖြင့် မောရှေသည် ယေရှုကို မဖြစ်ပွားမီ နှစ်ပေါင်း ၁၅၀၀ တွင် မည်သို့ကြိုတင်မြင်ခဲ့သနည်း။
- သခင်ယေရှုကားစင်တင်ခံရခြင်း၏အသေးစိတ်အချက်အလက်များကို မဖြစ်ပွားမီ နှစ်ပေါင်း ၁၀၀၀ တွင် ဒါဝိဒ်ကြိုမြင်ခဲ့ပုံ။
- ဟေရှာယသည် ယေရှုကို ကားစင်တင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို မဖြစ်ပွားမီ နှစ် ၇၀၀တွင် ကြိုမြင်ခဲ့သည်။
- ကားစင်တင်ကွပ်မျက်ခံရမယ့်ရက်အတိအကျကို ဒံယေလက မဖြစ်ပွားခင် နှစ်ပေါင်း ၅၅၀ ခန့်က မည်သို့ကြိုမြင်ခဲ့သနည်း။
- ဇာခရိသည် သူအသက်မရှင်မီ အနှစ် ၅၀၀ ခန့်ကပင် သူ၏အမည်ကိုကြိုမြင်ခဲ့ပုံ။