Skip to content
Home » ရိုးရှင်းသော်လည်း စွမ်းအားကြီးသည် – ယေရှု၏အသေခံခြင်းသည် သင်၏ အပြစ်အကျိုးကို မည်သို့ပယ်ဖျက်နိုင်သနည်း

ရိုးရှင်းသော်လည်း စွမ်းအားကြီးသည် – ယေရှု၏အသေခံခြင်းသည် သင်၏ အပြစ်အကျိုးကို မည်သို့ပယ်ဖျက်နိုင်သနည်း

ဒြပ်ဆွဲအားကဲ့သို့ အပြစ်အကျိုးသည် သင်နှင့်ကျွန်ုပ်အပေါ် သက်ရောက်မှုရှိသော နိယာမ (သို့) ဥပဒေသဖြစ်သည်။ Karma သည် အဓိပ္ပါယ်များစွာရှိနိုင်သည်။ အခြေခံသဘောတရားမှာ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်၊ သီလကုသိုလ်၊ မကောင်းမှု၏ အပြစ်ကြွေးတို့က ကျွန်ုပ်တို့၌အမြစ်စွဲနေ၏။ ကုသိုလ်တရား အပြည့်မရှိပါက မရဏသံသရာထဲမှာ ဆက်နေရမည်။

Hofmann ၏ “ခရစ်တော်၏ပုံသဏ္ဍာန်”
Heinrich Hofmann, Public domain, via Wikimedia Commons

ဤအရာကို ကျွန်ုပ်တျု့ အလိုလို ခံစားရသည်။ အမှားလုပ်မိသောအခါ အပြစ်ရှိသည်ဟု ခံစားရသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသိပညာ၊ ဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှုဖြင့် ကျွန်ုပ်တို့၏ အပြစ်အကျိုးကို ရင်ဆိုင်ရန် နည်းလမ်းများစွာကို ပြုစုပျိုးထောင်ပါသည်။ အချို့က ကတိသစ္စာကို ခံယူကာ လုံ့လဝီရိယရှိ၍ ဘုန်းကြီးအဖြစ် ခဏတာ နေထိုင်သည်။ အချို့သောသူများသည် ငါးပါးသီလကို အစွမ်းကုန် အားထုတ်ရုံဖြင့် လုံလောက်နိုင်မည်ဟု မျှော်လင့်ခြင်းမှာ ခက်ခဲသည်ဟု ယူဆကြသည်။ အချို့က ဘုရားလောင်း ထံ အကူအညီတောင်းကြသည်။ ထို့အပြင် တရားထိုင်ခြင်း၊ ဘုရားရှိခိုးခြင်း၊ သံဃာအား (သို့) အခြားသူများအား လှူဒါန်းခြင်းတို့သည် ကုသိုလ်တရားများရရှိရန် လျှောက်လှမ်းသော လမ်းစဉ်များ ဖြစ်ပေသည်။ ဤအရာသည် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ အသီးအပွင့် (သို့) အကျိုးဆက်များဖြစ်သော ကမ္မပလကို လျော့နည်းစေသည်။

ဤနည်းလမ်းများအားလုံးသည် ခက်ခဲပြီး ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုများ လုံလောက်ကြောင်း အာမခံချက်မရှိပါ။ ကျွန်တော်တို့ လုပ်ဆောင်ချက်များ နောက်ကွယ်က စေ့ဆော်မှုများ လုံလောက်သလား။ အကျင့်စာရိတ္တ လုံလုံလောက်လောက် ကောင်းသလား။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဆွဲငင်အားဖြင့် လွတ်မြောက်အောင် မလုပ်ဆောင်နိုင်သော အပြစ်အကျိုး၌ နေထိုင်ကြရသည်။

ထို့အတွက်ကြောင့် အချို့က ကြိုးစားအားထုတ်မှုကို စွန့်လွှတ်လိုက်ကြသည်။ မိမိတို့၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးကို မထောက်ဘဲ အခိုက်အတန့်အပျော်အပါးအတွက်သာ နေထိုင်ကြသည်။

အပြစ်အကျိုး နိယာမကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်

ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား ဤပြဿနာများကို ဖြေရှင်းရန် ကြွလာခဲ့သည်။ ကျွန်ုပ်တို့ ကိလေသာ မှလွတ်မြောက်ဖို့ နည်းလမ်းရှာဖွေရန် သူသည်ကျွန်ုပ်တို့ကိုကူညီပေးဖို့တွက်လာခဲ့သည်။ ယေရှုက မြတ်စွာဘုရား ထိုသို့ ထိုးထွင်းသိမြင်ထားသော သံသရာအနိစ္စနှင့် မမြဲသောသံသရာကို ပယ်ရှားတော်မူသည်။

အဘယ်သို့နည်း။ 

သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤစကားများဖြင့် အကျိုးသက်ရောက်စေသော အပြစ်အကျိုးတရားတို့ကို အတိအလင်းပြောထားသည် –

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း

ရောမ ၆:၂၃

ဤပုံကြမ်းသည် ထိုအပြစ်အကျိုးတရားတို့ကို သရုပ်ဖော်သည်။ Karma ဆိုသည်မှာ ‘လုပ်ဆောင်ချက်’ သို့မဟုတ် အကျိုးဆက်ဟု အဓိပ္ပါယ်ရသည်။ ဤသည်မှာ ဤနေရာတွင် သုံးသော ‘အဖို့မခ’ ဟူသည့် စကားလုံးနှင့် တူညီပါသည်။ နေ့စဥ်ဘဝတွင် ‘အဖိုးအခ’ သည် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ (သို့) အလုပ်မှရသော အရာဖြစ်သည်။ သို့သော် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့သည် အပြစ်အတွက် လုပ်ဆောင်သောအခါ လုပ်ရပ် (သို့) အပြစ်အကျိုးသည် သေခြင်းပင်ဖြစ်သည်။

“သေခြင်း” ဆိုသည်မှာ ကွဲကွာခြင်း ဟုဆိုလိုသည် ။ ကျွန်ုပ်တို့၏ဝိညာဉ်သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့် ကွဲကွာသွားသောအခါ၊ ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာအရ သေဆုံးသွားသည်။ အလားတူပင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဝိညာဉ်ရေးအရ ကွဲကွာခြင်း (သို့) သေဆုံးခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းတော်မူသောကြောင့် (အပြစ်မရှိ) ဤသည်ကား အမှန်ဖြစ်သည်။

ကျွန်ုပ်တို့၏အပြစ်တရားက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ကြားတွင် ချောက် ဖြစ်ပေါ်စေပြီး ကွဲကွာစေသည်

ကျွန်ုပ်တို့၏ အပြစ်ကြောင့် ဘုရားသခင်နှင့် ကင်းကွာသည်ဟု ကျွန်ုပ်တို့ပုံဖော်နိုင်သည်။ အပြစ်သည် သေခြင်းသို့ပို့ဆောင်သော အကျိုးကို ဖြစ်ပေါ်စေသည်။ သန့်ရှင်းသော၊ အပြစ်ကင်းသော ဘုရားသခင်သည် အပြစ်ကို လက်မခံသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ကွဲကွာသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ သေဆုံးကြသည်။

ကျွန်ုပ်တို့၏ကုသိုလ်သည် ကျွန်ုပ်တို့၏အပြစ်အကျိုးအတွက် မလုံလောက်ပါ

ဤကွဲကွာခြင်းသည် အပြစ်နှင့် ကြောက်စိတ်ကို ဖြစ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘက်(သေခြင်း) မှ ဘုရားသခင်ဘက်သို့ ဆောင်သွားသော ကုသိုလ်ကို တည်ဆောက်ခြင်းဖြစ်သည်။ ဤကွက်လပ်ကို တစ်စိတ်တစ်ပိုင်း ဖြတ်သွားသော တံတားတစ်ခုအဖြစ် ကျွန်ုပ်တို့ သရုပ်ဖော်သည်။ ကျွန်ုပ်တို့သည် ယဇ်ပူဇော်ခြင်း၊ ထုံးတမ်းစဉ်လာအတိုင်း ဆေးကြောခြင်း၊ ဆွမ်းတော်တင်ခြင်း၊ ပွဲတော်များတွင် ပါဝင်ခြင်း၊ ဘုရားကျောင်းဆောင်များသို့ သွားခြင်း၊ ဆုတောင်းခြင်းများစွာ ပြုလုပ်ကြပြီး ကျွန်ုပ်တို့၏ အပြစ်များကို လျှော့ချရန် (သို့) ရပ်တန့်ရန်ပင် ကြိုးစားကြသည်။ ကုသိုလ်ရရန် ဤလုပ်ဆောင်မှုစာရင်းသည် ကျွန်ုပ်တို့အချို့အတွက် အလွန်ရှည်လျားနိုင်သည်။ ပြဿနာမှာ ကျွန်ုပ်တို့၏ အားထုတ်မှု၊ ကုသိုလ်၊ အနစ်နာခံမှု၊ ကာမဂုဏ်ကျင့်စဉ်များသည် မဆိုးသော်လည်း မလုံလောက်ပေ။ အကြောင်းမူကား၊ ကျွန်ုပ်တို့၏ ဒုစရိုက်ကြောင့်ဖြစ်သော အပြစ်၊ အကျိုး ကို သေခြင်းဖြင့်သာ ပေးချေနိုင်မည်၊ ကောင်းမှုကုသိုလ်ဖြင့်မဟုတ်။ 

ဘာသာရေးအရ ကုသိုလ်ကောင်းမှု – ကောင်းသောဖြတ်လမ်းဖြစ်နိုင်သော်လည်း – အပြစ်အကျိုးကို ချိုးဖျက်၍ ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား ခြားနားမှုကို တံတားထိုး၍ မရပေ

သို့ဖြင့်၊ ကုသိုလ်ရဖို့ရန် အားထုတ်ခြင်းက မလုံလောက်ပါ။ သက်သတ်လွတ်အစာကိုသာစားပြီး ဗီတာမင်စီသောက်ခြင်းဖြင့် (သေစေသည့်) ကင်ဆာကို ကုသရန်ကြိုးစားခြင်းနှင့်တူသည်။ ဗီတာမင်တွေ စားသုံးခြင်းနဲ့ သက်သတ်လွတ်စားခြင်းက မဆိုးပါ – သို့သော် ကင်ဆာကို ပျောက်ကင်းစေမှာ မဟုတ်ပါ။ ဤအရာအတွက် လုံးဝကွဲပြားသော ကုသမှုကို လိုအပ်သည်။  

ဤသည်မှာ သမ္မာကျမ်းစာ၏ အပြစ်အကျိုး၏ နိယာမဖြစ်ပြီး –  သတင်းဆိုးဖြစ်သည်။ ထိုအကြောင်းကို မကြာခဏ မကြားချင်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုနိယာမပျောက်ကွယ်သွားရန် မျှော်လင့်ခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝကို လုပ်ဆောင်မှုများနှင့် အရာဝတ္တုများဖြင့် ကြာခဏ ဖြည့်ဆည်းပေးသည်။ သို့သော်၊ ဆွဲငင်အားကဲ့သို့ပင်၊ ဤနိယာမသည် ကျွန်ုပ်တို့ကို ဆက်လက်ထိန်းသိမ်းထားသည်။ 

ဝိမုတ္တိသတင်းကောင်း

သို့သော် သမ္မာကျမ်းစာသည် ဤ Karmic Law ဖြင့် အဆုံးမသတ်ပေ။

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်းသို့သော်လည်း

ရောမ ၆:၂၃

‘သို့သော်လည်း’ ဟူသော စကားလုံးငယ်သည် ပညတ်တရား၏ ဦးတည်ချက်က သတင်းကောင်းသို့ ကူးပြောင်းသွားတော့မည်ဟု ဖော်ပြသည်။ သတင်းကောင်းသည် ဧဝံဂေလိတရား၏ ပကတိအဓိပ္ပါယ်ဖြစ်သည်။ အပြစ်အကျိုးသည် ဝိမုတ္တိ (လွတ်မြောက်မှု) နှင့် ဉာဏ်အလင်းသို့ ပြောင်းပြန်ဖြစ်သည်။ ထို့ကြောင့် ဝိမုတ္တိ၏ ဤသတင်းကောင်းကား အဘယ်နည်း။

ဧဝံဂေလိသတင်းကောင်းမှာ ယေရှု၏သေခြင်းပူဇော်သက္ကာသည် ဤအပြစ်နှင့်သေခြင်းသံသရာကိုချိုးဖျက်ရန် လုံလောက်ပါသည်။ ယင်းက ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား ခြားနားမှုကို တံတားထိုးပေးသည်။ ယေရှူ၏အနစ်နာခံမှုက ကျွန်ုပ်တို့၏အပြစ်အကျိုးကို ပျက်စေသည်။ သခင်ယေရှု သေဆုံးပြီး သုံးရက်အကြာတွင် အလောင်းတော်ရှင်ပြန်ထမြောက် ပြီး ရုပ်ပိုင်းဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းတွင် တစ်ဖန်ပြန်လည်အသက်ရှင်လာခြင်းကို ကျွန်ုပ်တို့သိသောကြောင့်ဖြစ်သည်။ သေခြင်းကို အောင်နိုင်တော်မူ၏။ တစ်နည်းအားဖြင့် လူအားလုံးကိုယ်စား အပြစ်ကင်းစင်ရေးအတွက် မိမိကိုယ်ကို ပူဇော်ခြင်းဖြင့် ဘုရားသခင်နှစ်သက်တော်မူသော သန့်စင်ခြင်းကို ပြုလုပ်ခဲ့သည်။

သူသည် လူဖြစ်စဥ်အချိန်မှစ၍ ဤတွင်းနက်ကြီးအား လွှမ်းခြုံကာ လူ့ဘက်အခြမ်းကိုထိသော တံတားတစ်စင်း ဖြစ်လာစေသည်။ သူသည် အပြစ်မရှိသောကြောင့် ဘုရားသခင်ဘက်ကိုလည်း ထိနေသည်။ အောက်ဖော်ပြပါပုံအတိုင်း သူသည် အသက်တာဆီသို့ တံတားတစ်စင်းဖြစ်သည်။

သခင်ယေရှုသည် ဘုရားသခင်နှင့် လူသားအကြား တွင်းနက်ကို ပေါင်းကူးပေးသည့် တံတားဖြစ်သည်။ သူ၏ အသေခံယဇ်ပူဇော်ခြင်းသည် ကျွန်ုပ်တို့၏ အပြစ်များကို ပေးဆပ်ပြီး သေခြင်းသို့ ဦးတည်စေသော အပြစ်အကျိုးများကို ချိုးဖျက်ပေးသည်

ဆုကျေးဇူးအနေနှင့် ပေးသည်၊  ကုသိုလ်အနေနှင့် ရရှိခြင်းမဟုတ်ပါ

သခင်ယေရှု၏ဤပူဇော်သက္ကာကို ကျွန်ုပ်တို့အား ဘုရားသခင် မည်သို့ပေးသည်ကို သတိပြုပါ။ ဘုရားသခင်က ဤသည်ကို ‘ ဆုကျေးဇူး ‘ အဖြစ် ပေးသည်။ တုကျေးဇူးကဘာပဲဖြစ်နေပါစေ၊ ထိုအရာက သင်၏လုပ်ဆောင်ချက်ကြောင် ရရှိသောအရာမဟုတ်။ ကောင်းမှုကုသိုလ်ကြောင့် ရရှသည်လည်းမဟုတ်ပါ။ သင်ပြုသောအရာအတွက် ရရှိသည်ဆိုပါက လက်ဆောင်မဟုတ်တော့ပါ၊ လုပ်အားအတွက် ‘အဖိုးအခ’ ဖြစ်မည်။ ထိုနည်းအားဖြင့် သင်၏ ကုသိုလ်ကြောင့် (သို့) လုပ်အားကြောင့် ယေရှု၏ပူဇော်သက္ကာ ကိုရရှိသည်မဟုတ်ပါ။ ဘုရားသခင်က သင့်အား ဆုကျေးဇူးအဖြစ် ပေးခြင်းဖြစ်သည်။

ဆုကျေးဇူးကား အဘယ်နည်း။ ၎င်းသည် ‘ ထာဝရအသက် ‘ ဖြစ်သည်။ ဆိုလိုသည်မှာ အပြစ်အကျိုး၊ သံသရာနှင့် သေခြင်းတရားကို ဆောင်ခဲ့သော အပြစ်ကို ပယ်ဖျက်လိုက်ပါပြီ။ သခင်ယေရှု၏ ပူဇော်သက္ကာသည် ဘုရားသခင်နှင့် ဆက်သွယ်ပြီး အသက်တာကို ရရှိရန် သင်ဖြတ်ကူးနိုင်သည့် ထာဝရတည်မြဲသော တံတားတစ်ခုဖြစ်သည်။ 

ဆုကျေးဇူးလက်ခံရရှိခြင်း

သို့ဆိုလျှင် ကျွန်ုပ်တို့အား ဆုကျေးဇူးအဖြစ် သခင်ယေရှုပေးသော ဤအသက်တံတားကို ကျွန်ုပ်တို့ မည်သို့ဖြတ်ကျော်နိုင်မည်နည်း။ ဆုကျေးဇူးများကို ပြန်လည်ရေတွက်ကြည့်ပါ။ တစ်စုံတစ်ယောက်က ဆုကျေးဇူးကိုပေးပါက သင်မလုပ်ဆောင်ခဲ့သောအရာအတွက်ဖြစ်သော်လည်း သင့်အတွက်အကျိုးတစ်စုံတစ်ရာရမည်ဆိုပါက လက်ခံရမည်။ လက်ခံသူတစ်ဦးအား လက်ဆောင်ပေးသည့်တွင် ရွေးချယ်စရာ နှစ်ခုသာရှိသည်။ လက်ခံသူသည် လက်ဆောင်ကို ငြင်းဆိုသည် (“မနှစ်သက်ပါ”) သို့မဟုတ် လက်ခံသည် (“လက်ဆောင်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ယူပါမည်။”)။ ထိုနည်းတူ၊ သင်သည် ၎င်းမှအကျိုးရရှိရန် ယေရှုကမ်းလှမ်းသော ဤဆုကျေးဇူးကို ရရှိရမည်ဖြစ်သည်။ ရိုးရှင်းစွာ ယုံကြည်ခြင်း၊ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်း (သို့) နားလည်သဘောပေါက်ခြင်း မပြုနိုင်ပါ။ နောက်ပုံသည် ဘုရားသခင်ထံလှည့်ပြန်ရန် ကျွန်ုပ်တို့အား ပေးထားသည့် သူ၏ဆုကျေးဇူးကို လက်ခံရယူခြင်းဖြင့် တံတားပေါ်တွင် ‘လျှောက်လှမ်းခြင်း’ ကို ဤပုံက သရုပ်ဖော်ထားသည်။

ယေရှု၏ပူဇော်သကာသည် ကျွန်ုပ်တို့တစ်ဦးစီရရှိရန် ရွေးချယ်ရမည့်ဆုကျေးဇူးဖြစ်သည်

သို့ဖြစ်လျှင် ဤဆုကျေးဇူးကို ကျွန်ုပ်တို့ မည်သို့လက်ခံမည်နည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည် –

ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။

ရောမ ၁၀:၁၂

ကိုယ်တော်၏ဆုကျေးဇူးကို လက်ခံခြင်း

ဤကတိတော်မှာ ‘လူတိုင်း’ အတွက်ဖြစ်ကြောင်း သတိပြုပါ။ သူသည် သေခြင်းမှထမြောက်သော ကြောင့် ယေရှုသည် ယခုပင် အသက်ရှင်လျက် ‘သခင်’ ဖြစ်တော်မူ၏။ ထို့ကြောင့် သင်ခေါ်လျှင် ကြား​ပြီး သူ၏အသက်​ဆုကျေးဇူးကို တိုး၍ သင့်အားပေးလိမ့်မည်။ သူနဲ့ စကားစမြည်ပြောပြီး သူ့ကို ခေါ်၍ မေးပါ။ သင် ဤအရာကို တစ်ခါမျှ မလုပ်ဖူးတာ ဖြစ်နိုင်သည်။ ဤသည်မှာ သူနှင့် စကားပြောဆိုခြင်းနှင့် ဆုတောင်းခြင်းတို့ကို သင့်အား ကူညီပေးနိုင်သည့် လမ်းညွှန်ချက်ဖြစ်သည်။ မှော်ဂါထာ မဟုတ်ပါ။ တိကျသောစကားလုံးများက စွမ်းအားမပေးပါ။ ဤဆုကျေးဇူးကို ကျွန်ုပ်တို့အား ပေးလိုသော သူ၏အစွမ်းနီင့် ကရုဏာသက်မှုတို့၌ ကျွန်ုပ်တို့၏ယုံကြည်မှုပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူ့ကိုယုံကြည်သည်နှင့်အမျှ သူသည် ကျွန်ုပ်တို့ကိုကြားပြီး တုံ့ပြန်မည်ဖြစ်သည်။ 

ထို့ကြောင့် သင်သည် ယေရှုအား ကျယ်လောင်စွာပြောပြပြီး (သို့) သင်၏စိတ်ဝိညာဉ်တွင် သူ၏ဆုကျေးဇူးကို လက်ခံရရှိရန် ဤလမ်းညွှန်ချက်ကို လွတ်လွတ်လပ်လပ် လိုက်လျှောက်ပါ။

အို သခင်ယေရှု။ ကျွန်ုပ်၏ဘဝတွင် အပြစ်များကြောင့် ဘုရားသခင်နှင့် ကင်းကွာကြောင်း ကျွန်ုပ်နားလည်ရပါသည်။ ခက်ခက်ခဲခဲ ကြိုးစားနိုင်ပေမဲ့လည်း ကိုယ်တိုင်၏ အားထုတ်မှုတွေဟာ ဤကွဲကွာမှုကို တံတားခင်းပေးမှာ မဟုတ်ပါ။ သို့ပေမယ့် သခင့်ရဲ့ အသေခံခြင်းက ကျွန်ုပ်အပြစ်တွေအားလုံးကို ဆေးကြောဖို့ ယဇ်ပူဇော်ခြင်းပဲဆိုတာ နားလည်ရပါသည်။ သခင်က သေခံပြီးနောက် သေခြင်းမှထမြောက်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သခင့်ရဲ့ အသေခံခြင်းက လုံလောက်တယ်ဆိုတာ ကျွန်ုပ်သိနိုင်သည်။ ကျွန်ုပ်၏အပြစ်များမှ ကင်းစင်စေရန်၊ ကျွန်ုပ်အား ထာဝရအသက်ကိုရနိုင်စေရန်အတွက် ဘုရားသခင်ထံ ကျွန်ုပ်အား ပို့ဆောင်ပေးရန်ဖို့ ကျွန်ုပ်တောင်းဆိုပါသည်။ အပြစ်တရား၏ ကျွန်ဘဝနဲ့ မရှင်သန်ချင်ပါ။ ဒါကြောင့် ကံတရားနှင့် ချုပ်နှောင်ထားသော ဤအပြစ်များမှ လွတ်မြောက်စေပါ။ သခင်ယေရှု၊ ကျွန်ုပ်အတွက် ဤအရာအားလုံးကို လုပ်ဆောင်ပေးသည့်အတွက် ကျေးဇူးတော်ကိုချီးမွမ်း၍ ကျွန်ုပ်သည် သခင့်အား ကျွန်ုပ်၏သခင်အဖြစ် ယခုပင် ကျွန်ုပ်၏အသက်တာ၌ပင် ဆက်လက်လမ်းညွှန်ပေးစေလိုပြီး လိုက်လျှောက်နိုင်ချပ်ပါသည်၊ အဖဘုရား။

Leave a Reply

Your email address will not be published. Required fields are marked *