Skip to content
Home » အလွန်တရာချမ်းသာကြွယ်ဝကာ အမျိုးသမီးကိစ္စ ပွေလီတဲ့သူ တယောက်က ပြောပြတဲ့ မာယာအကြောင်း

အလွန်တရာချမ်းသာကြွယ်ဝကာ အမျိုးသမီးကိစ္စ ပွေလီတဲ့သူ တယောက်က ပြောပြတဲ့ မာယာအကြောင်း

မာယာဟူသော စကားလုံးသည် သည် ‘မဟုတ်သောအရာ’ ဟုအဓိပ္ပာယ်ရသော Sanskrit ဘာသာစကားမှ မှဆင်းသက်လာကာ ‘လှည့်စားမှု’ ဟူသော အဓိပ္ပာယ်လည်းရှိသည်။ ပညာရှိများနှင့် အတွေးအခေါ်ဂိုဏ်းအမျိုးမျိုးသည် မာယာ၏အထင်မှားမှုကို နည်းအမျိုးမျိုးဖြင့် ဖော်ပြ ရေးသားခဲ့ကြသည်။ ရုပ်ဝတ္ထုတို့နှင့် သက်ဆိုင်သောအရာများသည် ကျွန်ုပ် တို့ ၏ ဝိညာဥ် ကို လှည့်ဖြား နိုင် ပြီး အချုပ်အနှောင် ထဲ ကျော့မိ စေ နိုင် ကြောင်းကို သူ တို့က သတိပေး လေ့ ရှိ သည်။  ကျွန်ုပ်တို့၏ဝိညာဥ်သည် ဒြပ်ဝတ္ထုကို ထိန်းချုပ်လိုစိတ်ရှိပြီး ပျော်မွေ့လိုသည်။ သို့သော် ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် တပ်မက်ခြင်း၊ လောဘကြီးခြင်းနှင့် ဒေါသကိုသယ်ပိုးခြင်းကဲ့သို့သော အရာများနှင့် အဆုံးသတ်သွားလေ့ရှိသည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့သည် အမှားများကို တခုမှ နှစ်ခုတိုးစေပြီး အမှားတစ်ခုပြီးတစ်ခု ထပ်၍မှားယွင်းကာ စိတ်ကူးယဉ်မှု သို့မဟုတ် မာယာဝဲဂရက်ထဲသို့ နက်ရှိုင်းစွာကျရောက်သွားလေ့ရှိသည်။  သို့ဖြစ်၍ မာယာသည် ထောင်ချောက်တခုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ယင်းသည် အားကြီးလာသည်နှင့်အမျှ လူတစ်ဦးကို ပို၍ပို၍ စိတ်ပျက်အားလျော့စေသည်။  မာယာသည် ယာယီဖြစ်သောအရာကို တည်မြဲသောတန်ဖိုးရှိသည်ဟု လက်ခံလာစေသည်။ တနည်းအားဖြင့် ဤလောကတွင် မပေးနိုင်သော တည်မြဲသောပျော်ရွှင်မှုကို ရှာဖွေစေသည်။

ဟေဗြဲကျမ်းစာတွင် ဤလှည့်စားမှု သို့မဟုတ် အချည်းနှီးဖြစ်ခြင်းကို စူးစမ်းလေ့လာသည့် ကျမ်းဂန်များပါရှိသည်။  ဤ အကြောင်းအရာများနှင့် ပတ်သတ်၍ ကဗျာလင်္ကာ ကို ရေးသား သူ မှာ ဘုရင် ဒါ ဝိ ဒ် ၏ သား ရှော လ မုန် ဖြစ်သည် ။  သူ သည် သူ၏ အသက်ရှင်စဥ် တလျှောက် ကိုယ့်တွေ့ကြုံဆုံခဲ့ရသော အတွေ့အကြုံများမှ တဆင့် မာယာ ၏ အကျိုးဆက် များ ကို မှတ်တမ်းတင် ခဲ့ သည် ။ ဆိုလိုသည်မှာ သူ၏ ဘဝအစိတ်အပိုင်းတခုဠ်  ရုပ်ပစ္စည်းတစ်ခုတည်းသာ တန်ဖိုးရှိသည့်အလားအသက်ရှင်ခဲ့ရာမှ ရရှိသော အတွေ့အကြုံများကို ရေးသားခဲ့ခြင်းဖြစ်သည်။ တနည်း ဤရူပလောကတွင် ရုပ်ဝတ္ထုဠ်သာ တည်မြဲသောပျော်ရွှင်မှုကို ရှာဖွေခဲ့သောကာလမှ အတွေ့အကြုံများဖြစ်သည်။

မာယာနှင့်ပတ်သက်၍ ရှောလမုန့် ဘဝတလျှောက် အတွေ့အကြုံများ

ရှောလမုန်သည် ဘဝတွင် ကျေနပ်ရောင့်ရဲမှုရရှိရန် သူပြုလုပ်ခဲ့သမျှကို ဒေသနာကျမ်းတွင်  ဤသို့ ရေးသားခဲ့သည်။

ဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
10 ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။

ဒေသနာကျမ်း။ ၂:၁-၁၀

ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှု၊ ညဏ်ပညာ၊ အမျိုးသမီးများ၊ အပျော်အပါး၊ နိုင်ငံတော်၊ အလုပ်အကိုင်၊ စပျစ်ဝိုင် စသည် စသည်ဖြင့် ဘဝတွင် စွဲမက်စရာကောင်းသော အရာမှန်သမျှ ရှောလမုန်တွင် အကုန်ရှိသည်။ သူ့ခေတ် ဒါမှမဟုတ် ကျွန်တော်တို့ခေတ်က ဘယ်သူထက်မဆို ရှော်လမုန်၏ ကြွယ်ဝမှုက ပိုများသည်။ အိုင်းစတိုင်းလို ဉာဏ်ရည် ၊ ဂျက်မား၏ ချမ်းသာ ကြွယ်ဝ မှု ၊ ဘောလီဝုဒ် မင်းသားတဦးကဲ့သို့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု ၊ ဗြိတိသျှ တော်ဝင် မိသားစုမှ မင်းသား ဝီလီယံ ကဲ့သို့ တော်ဝင် မျိုးရိုး တစ်ခု စသည့်အရာများအားလုံးကို ရှော်လမုန် ပိုင်ဆိုင်သည်။ သင့်အနေနဲ့ ရှော်လမုန်ကို ဒီအရာတွေအားလုံးပိုင်ဆိုင်နေတာကြောင့် ကျေနပ်ရောင့်ရဲလိမ့်မည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။

သူ၏ကဗျာနောက်တစ်ပုဒ်ဖြစ်သော သမ္မာကျမ်းစာပါ ရှော်လုမုန်သီချင်း ဟူသော ကဗျာတွင် တွင် ရှော်လမုန်သည် သူ၏ လိင်ပိုင်းဆိုင်ရာ၊ ချစ်သွေးကြွဖွယ် အချစ်ကိစ္စတပုဒ်ကို မှတ်တမ်းတင်ထားသည်။ တစ်သက်လုံး ကျေနပ်ရောင့်ရဲမှုပေးဖို့ အလားအလာအများဆုံးဖြစ်ပုံရတဲ့ လိုက်စားမှုအားလုံးကို ပြုလုပ်ခဲ့သော ရှော်လမုန်ပင်။  နှစ်ပေါင်း ၃၀၀၀ နီးပါး သက်တမ်း ရှိ သော ၊ ဤ ကဗျာ သည် ၊ ဘောလီဝုဒ် အချစ် ရုပ်ရှင် များအလား အချစ်စိတ်ပြင်းထန်နေဆဲဖြစ်သည်။

Wikimedia Commons မှတဆင့် Brugger ၏ “Solomon at his Throne”
Andreas Brugger ၊ အများသူငှာဒိုမိန်း၊

သူ၏ ကြီးမားလှသော တန်ခိုးနှင့်စည်းစိမ်ဥစ္စာဖြင့် ကိုယ်လုပ်တော် ၇၀၀ ကို ရှော်လမုန် ပိုင်ဆိုင်ခဲ့ကြောင်း သမ္မာကျမ်းစာက မှတ်တမ်တင် ထားသည်။ ဒီပမာဏက ဘောလီဝုဒ် ဟောလီဝုဒ်မှ ပွေရှုပ်ပါတယ်လို့ နာမည်ကြီးတဲ့သူတွေထက် အသာအယာ သာလွန်သော နံပါတ်ဖြစ်သည်။ သို့သော် ထို မေတ္တာ အားလုံး ၊ စည်းစိမ်ဥစ္စာ အားလုံး ၊ ကျော်ကြား မှု နှင့် ဉာဏ်ပညာ အားလုံးကို ပိုင်ဆိုင်သော်ငြား ရှော်လမုန်က- ဤသို့ ကောက်ချက်ချခဲ့သည်။

ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊
အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့၌ အဘယ်အကျိုးရှိသနည်း။
လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။
လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီး သောအရပ်သို့ တဖန်ပြန်၍လည်ပြန်တတ်၏။
ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့် တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ်၏။
ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ။
10 ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
11 ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။
12 ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်၊
13 မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
14 နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။

ဒေသနာကျမ်း။ ၁:၁-၁၄

11 ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
12 တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
13 သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
14 ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
15 သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
16 ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
18 ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
19 ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
20 ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
22 လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
23 သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။

ဒေသနာကျမ်း ၂:၁၁-၂၃

ကျေနပ်ရောင့်ရဲရန်အတွက် လူတို့လိုက်စားကြသော အပျော်အပါး၊ ချမ်းသာကြွယ်ဝမှု၊ အလုပ်၊ တိုးတက်မှု၊ အချစ်မေတ္တာ စသည့်အရာအားလုံးသည် လှည့်စားမှုတစ်ခုဖြစ်ကြောင်း ရှော်လမုန်က ပြောကြားခဲ့သည်။  ဒါပေမဲ့ ဒီနေ့ခေတ်မှာလည်း ခင်ဗျားနဲ့ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီရှော်လမုန်ပြောခဲ့တဲ့အရာတွေကို လုပ်မှပဲ ဘဝက နေပျော်တယ်လို့ လူတိုင်းပြောတာကို ကြားနေရတုန်းပဲ။  ဒါပေမယ့် ရှော လ မုန် ၏ ကဗျာလင်္ကာမှာ ဒီအရာတွေဟာ ကျွန်တော်တို့ဘဝအတွက် စစ်မှန်သော ကျေနပ် မှု မ ရရှိ ခဲ့ ကြောင်း ဖော်ပြထားတာကိုတွေ့ရတယ်။

ရှောလမုန်သည် သေခြင်းနှင့်ရှင်သန်ခြင်းတို့ကိုလည်း ဝေဖန် ဆင်ခြင်ပြီး သူ့ကဗျာထဲမှာ ထပ်မံထည့်သွင်းရေးထားပြန်တယ်-

19 လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
20 အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
21 သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။

ဒေသနာကျမ်း။ ၃:၁၉-၂၁

ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။
နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။
အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။
အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။

ဒေသနာကျမ်း ၉:၂-၅

သမ္မာကျမ်းစာလို သန့်စင်မွန်မြတ်တဲ့ စာအုပ်တအုပ်မှာ စည်းစိမ်ဥစ္စာနှင့် မေတ္တာလိုက်စားခြင်း အကြောင်းတွေနဲ့ဆိုင်တဲ့ ကဗျာများ အဘယ်ကြောင့်ပါရှိသနည်း။ ယေဘူယျအားဖြင့်ဆို ကျွန်ုပ်တို့သည် ဒီအရာတွေကို သန့်ရှင်းမွန်မြတ်ခြင်းနဲ့ ဆက်စပ်လေ့မရှိဘူးမှတ်လား ခင်ဗျာ။  ကျွန်ုပ်တို့အများစုသည် ခြိုးခြံမှု၊ ဒူကာနှင့် ကျင့်ဝတ်စံနှုန်းများကိုပဲ သမ္မာကျမ်းစာက ဆွေးနွေးလိမ့်မည်ဟု ထင်မှတ်လေ့ရှိကြသည်။ ထို့အပြင် သမ္မာကျမ်း စာ တွင် ရှော လ မုန် သည် သေ ခြင်း အကြောင်း အဘယ်ကြောင့် ဤမျှအဆိုးမြင်နည်းဖြင့် ရေးသားထားသနည်း။

ရှောလမုန်လိုက်လျှောက်လေ့နေထိုင်ခဲ့သည့် ဘဝပုံစံမှာ ဒီနေ့ခေတ် လူတွေတော်တော်များများ ရွေးချယ်လေ့ရှိသည့် မိမိ အလိုအတိုင်း အဓိပ္ပာယ်၊ အပျော်အပါး သို့မဟုတ် စံနှုန်းများကို ဖန်တီးကာ ကိုယ်ကျိုးအတွက် အသက်ရှင်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ နေထိုင်ခဲ့သော ဘဝတခု၏ အဆုံးသတ်သည် ရှောလမုန်အတွက်တော့ မကောင်းခဲ့ပါ၊ ကျေနပ်မှုသည် ခေတ္တသာဖြစ်ပြီး စိတ်ကူးယဉ်မှုသာဖြစ်ကြောင်း သူသိမြင်သွားသောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် သူသည် မာယာ၏ ဖမ်းစားမှုကို ကိုယ်တွေ့ တွေ့ကြုံခဲ့ရသည်။ ထိုကဲ့သို့နားလည်သွားလျှင် ရှော်လမုန်၏ ကဗျာ များ သည် ကြီးမား သော သတိပေး ဆိုင်းဘုတ် တစ် ခု ကဲ့သို့ သမ္မာကျမ်းစာထဲတွင် ပါဝင်နေသောအကြောင်း ကျွန်တော်တို့ သိမြင်နိုင်မည်ဖြစ်သည်- ရှောလမုန်က ကျွန်ုပ်တို့ကို – ” ဤ လမ်း ကို မ လိုက် ပါ နှင့် – စိတ်ပျက်စရာ အတိသာဖြစ်လိမ့်မည်” ဟုပြောနေဟန်ရသည်။  ရှော လ မုန် လျှောက် ခဲ့ တဲ့ လမ်း အတိုင်း လိုက် လျှောက် ဖို့ သွေးဆောင်ခံရတိုင်း ကျွန်ုပ်တို့အနေဖြင့် ရှောလမုန် သတိပေးခဲ့သည်ကို အသိရှိရန်လိုအပ်ပါသည်။

ၔဝံဂိလိတရားမှ ရှောလမုန်၏ မေးခွန်းကို ဖြေကြားခြင်း

Wikimedia Commons မှတဆင့် ရှေးခေတ်
Yitzilitt , CC BY-SA 4.0 ရှိ ရှောလမုန်

ယေရှုခရစ်တော်သည် သမ္မာကျမ်းစာတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်ပေမည်။  သူသည်လည်း အသက်ရှင်ခြင်းနှင့် ပတ်သက်လည်း၍ ထုတ်ဖော် ပြောဆို ခဲ့ သည်။ သူပြောဆိုခဲ့သည်မှာ-

10 သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။

ရှင်ယောဟန်ခရစ်ဝင်။ ၁၀:၁၀

28 ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။
29 ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။
30 အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင်။ 11:28-30

ယေရှု၏ ဤကဲ့သို့ မိန့်ကြားမှုသည် ရှော လ မုန် ကြုံတွေ့ ခဲ့ ရ သော သူ၏ဘဝတလျှောက် အချည်းနှီးဖြစ်မှု နှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ အတွက် အဖြေဖြစ်သည်။ ရှောလမုန် အဖြေရှာမရခဲ့သော ပုစ္ဆာအတွက် အဖြေလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။  အမှန်မှာ ၔဝံဂိလိတရား ဟူသော စကားလုံးသည် စာသားအရ ‘သတင်းကောင်း’ ဟုအဓိပ္ပာယ်ရသည်။ ခရစ်ဝင်ကျမ်းသည် အမှန်တကယ် သတင်းကောင်းလော။  ယင်းကိုဖြေဆိုရန် ခရစ်ဝင်ကျမ်းကို သေသေချာချာ နည်းလည်ဖို့လိုသည်။ ခရစ်ဝင်ကျမ်း၏အဆိုများကိုလည်း ဆန်းစစ်ဖို့လိုသည်။ ကျွန်ုပ်တို့သည် ခရစ်ဝင်ကျမ်းကို ပေါ့တန်စွာ ဝေဖန်သူတစ်ဦးအနေနဲ့ မဟုတ်ပဲ သေချာ ဝေဖန်စဉ်းစားဖို့လိုသည်။

ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်သနစ် တခုကိုကိုလည်း မျှဝေချင်ပါသေးတယ်။  ဤဝက်ဘ်ဆိုက်ရှိ ဆောင်းပါးများမှာ သင့်ကို စူးစမ်းလေ့လာဖို့ အကူအညီပေးနိုင်ရန် ရည်ရွယ်ရေးသားထားတာဖြစ်ပါတယ်။ စိတ်ဝင်းစားတယ်ဆိုရင်တော့ ယေရှု၏လူဝင်စားခြင်း အကြောင်းရေးထားတဲ့ ဆောင်းပါးကနေ စဖတ်ကြည့်ဖို့ အကြံပြုပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *