ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်များအတွက် စောင့်ထိန်းရမည့် အခြေခံကျင့်ဝတ်ကို ပေးသည်။ ၎င်းတို့သည် ကိုယ်ကျင့်တရားနှင့် ပညာကို တိုးတက်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ရန် ရည်ရွယ်သည်။ ငါးပါးသီလ ဆောက်တည်ခြင်းသည် အိမ်တွင်၊ ဘုန်းကြီးကျောင်းတွင်၊ ပုံမှန်ဘုရားဝတ်ပြုခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူမှုအသင်းအဖွဲ့များက သံဃာတော်များ ပင့်ဆောင်ကာ ငါးပါးသီလ ဆောက်တည်ခြင်း ဘာသာရေးပွဲများကိုပြုလုပ်၍ သီလဆောက်တည်ကြသည်။ ရွတ်ဆိုခြင်းသည် ရှေးထုံးတမ်းစဉ်လာများကို လိုက်နာကြသည်။

Farang Rak Tham, CC BY-SA 4.0, via Wikimedia Commons
ငါးပါးသီလကို ဖော်ပြထားသည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအတွက် ဂါထာ (ပါဠိ) မှာ အောက်ပါအတိုင်းဖြစ်သည်။
- “သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာစောင့်ရှောက် ဆောက်တည်ပါ၏။” (တိရစ္ဆာန်အပါအဝင် သက်ရှိသတ္တဝါအားလုံးကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း)။
- “ပိုင်ရှင်မပေးသော သူ့ပစ္စည်းကိုခိုးယူခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာစောင့်ရှောက် ဆောက်တည်ပါ၏။” (ခိုးမှုမှ ရှောင်ကြဉ်ခြင်း)။
- “မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာစောင့်ရှောက် ဆောက်တည်ပါ၏။” (အိမ်ထောင်ရေးပြင်ပ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း)။
- “မဟုတ်မမှန်ပြောဆိုပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာစောင့်ရှောက် ဆောက်တည်ပါ၏။” (လိမ်ညာခြင်းမှ ရှောင်ကြဉ်ခြင်း)။
- “မေ့လျော့ခြင်း၏အကြောင်းဖြစ်သော မူယစ်စေတတ်သော သေရည်အရက်ကိုသောက်စားခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာစောင့်ရှောက် ဆောက်တည်ပါ၏။” (သောက်စားမူးယစ်စွဲခြင်းမှ ရှောင်ကြဉ်ခြင်း)။
မြတ်စွာဘုရားရှင်ပေးသော ငါးပါးသီလသည် ရှေးနှစ်ပေါင်းတစ်ထောင်က မောရှေခံယူခဲ့သော ပညတ်တော်ဆယ်ပါးနှင့် အလွန်ဆင်တူသည်။ ထို့ကြောင့် လူတို့သည် ပညတ်တော်ဆယ်ပါးကို မည်ကဲ့သို့ စောင့်ရှောက်ရမည်ကို သိရှိနားလည်ခြင်းသည် ငါးပါးသီလကို ထိုးထွင်းသိမြင်စေပါသည်။ နေရာတိုင်းတွင်ပျံ့နှံ့နေသည့် ခေတ်သစ်ကိုရိုနာဗိုင်းရပ်၏အခြေအနေတွင် ဤရှေးဟောင်းကုဒ်နှစ်ခုကို ကျွန်ုပ်တို့နားလည်နိုင်သည်။
မောရှေနှင့် ပညတ်တော်ဆယ်ပါး
ရှေးခေတ်ဟေဗြဲကျမ်းစာများတွင် ကျွန်ုပ်တို့၏ကမ္ဘာသည် ဆင်းရဲဒုက္ခ၊ သေခြင်းနှင့် မမြဲခြင်း သို့ကျရောက်ပုံကို ပြန်ပြောပြသည် ။ မြတ်စွာဘုရားသည် ဤတရားများကို သစ္စာလေးပါး ဖြင့် ကောင်းစွာထိုးထွင်းသိမြင်တော်မူ၏ ။ လူသားတို့သည် အပြစ်ပြုလိုစိတ်ကြောင့်၊ ဖန်ဆင်းရှင်ဘုရားသခင်သည် မောရှေအား ပသခါပွဲ၌ အဲဂုတ္တုမှ လွတ်မြောက်ပြီးနောက်မကြာမီ ပညတ်တော်ဆယ်ပါးကို ပေးခဲ့သည်။ မောရှေသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ပို့ဆောင်ရန်မျှသာ မစီစဉ်ခဲ့ပေ။ လူနေမှုပုံစံသစ်ကို လမ်းညွှန်ပေးချင်သည်။ တရားမျှတပြီး အကျင့်ပျက်ခြစားမှုကင်းစင်သော လူ့အဖွဲ့အစည်းကို ထူထောင်ဖို့ ရည်ရွယ်ခဲ့သည်။ ဣသရေလလူတို့ကို လွတ်မြောက်စေသော ပသခါပွဲပြီးနောက် ရက်ငါးဆယ်အကြာတွင်၊ မောရှေသည် ပညတ်တရားခံယူရာ သိနာတောင်သို့ ပို့ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ခေတ်၏ နောက်ခံပြဿနာများကို ဖော်ထုတ်ရန် မောရှေမှတစ်ဆင့် ဤပညတ်ကိုပေးခဲ့သည်။

မောရှေက ဘာပညတ်တော်တွေ ရခဲ့သလဲ။ ယဇ်ပုရောဟိတ်များနှင့် ခေါင်းဆောင်များအတွက် ပညတ်တော် ၆၁၃ ပါး၏ အပြည့်အစုံမှာ ရှည်လျားလှသည်။ ထို့ကြောင့် မောရှေသည် ပညတ်တော်ဆယ်ပါး (သို့မဟုတ် Decalogue) ဟုသိကြသော ကျောက်ပြားများပေါ်တွင် တိကျသောကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များကိုလည်း လက်ခံရရှိခဲ့သည်။ ဤတရားဆယ်ပါးတို့သည် ပညတ်တရား၏ အနှစ်ချုပ်ကို ပြသည်။ ငါးပါးသီလကဲ့သို့ပင် ရဟန်းတော်များသာမက လူအားလုံးအတွက် သီလတာဝန်ကို ပုံဆောင်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်သည် ၎င်းတို့အား သာမန်မကောင်းမှုများကို နောင်တရရန်၊ ကျွန်ုပ်တို့အား သွေးဆောင်ရန် သူ၏တက်ကြွသောတန်ခိုးတော်အဖြစ် အသုံးပြုသည်။

Author unknown, photograph by Shai Halevi, Public domain, via Wikimedia Commons
ပညတ်တော်ဆယ်ပါး
အောက်ပါတို့သည် ဘုရားသခင်က ကျောက်စာပေါ်တွင် ရေးထိုးထားကာ နောက်ပိုင်းတွင် မောရှေမှ ဟေဗြဲကျမ်းစာသို့ ကူးယူထားသော ပညတ်တော်ဆယ်ပါး၏ ပြည့်စုံသောစာရင်းဖြစ်သည်၊
၃ `ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
၄ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ၅ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား၊ ၆ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏။
၇ သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
ပညတ်တော်ဆယ်ပါးကိုလက်ခံရရှိသောမောရှေ သရုပ်ပြပုံ
Bishop John H. Vincent, D. D., Public domain, via Wikimedia Commons၈ ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။ ၉ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။ ၁၀ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ ၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။
၁၂ သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။
၁၃ လူအသက်ကို မသတ်နှင့်။
၁၄ သူ့မယားကို မပြစ်မှားနှင့်။
၁၅ သူ့ဥစ္စာကို မခိုးနှင့်။
၁၆ ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။
17 “၁၇ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။”
ထွက်မြောက်ရာ ၂၀:၃-၁၇
ငါးပါးသီလနှင့် ပညတ်တော်ဆယ်ပါး
ပညတ်တော်ဆယ်ပါးတွင် ငါးပါးသီလ လေးပါး ပါ၀င်ကြောင်း သတိပြုပါ။ ဤတူညီသော ပညတ်များမှတပါး၊ အခြားသူများ၏အခွင့်အရေးနှင့် သုခချမ်းသာကို လေးစားစေရန်အတွက် အမျိုးမျိုးသောဆန္ဒများကို ချုပ်တည်းရန် လိုအပ်သည်။
ပညတ်တော်ဆယ်ပါး၏စံနှုန်း
ဘုရားသခင်က ဤသို့ မိန်တော်မူသည်။ သူသည် ၎င်းတို့အား တိုက်တွန်းချက် (သို့) အကြံပြုချက်အဖြစ် မရည်ရွယ်ပါ။ သို့သော် ဤအမိန့်တော်များကို အဘယ်အတိုင်းအတာအထိ နာခံနိုင်မည်နည်း။ ပညတ်တော်ဆယ်ပါးကိုပေးဆောင်ခြင်း မပြုမီတွင် အောက်ပါတို့ လာပါသည်။
၃ မောရှေသည် ဘုရားသခင့်ထံတော်သို့တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်ကခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသောအမိန့်တော်ဟူမူကား၊
၅ ထိုကြောင့် ယခုတွင် သင်တို့သည်ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။
ထွက်မြောက်ရာ ၁၉:၃၊ ၅
ပညတ်တော်ဆယ်ပါး ပြီးနောက် လူတို့သည် အောက်ပါနည်းလမ်းဖြင့် တုံ့ပြန်ကြသည်။
၇ ပဋိညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ “ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။”
ထွက်မြောက်ရာ ၂၄:၇
တစ်ခါတစ်ရံ ကျောင်းစာမေးပွဲများတွင် ဆရာက မေးခွန်းများစွာပေးသော်လည်း ကျောင်းသားများကို မေးခွန်းအချို့ကိုသာ ဖြေခိုင်းသည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့ဖြေဆိုရန် မေးခွန်း ၁၀ ခုအနက်မှ ၅ ခုကို ရွေးချယ်နိုင်ပါသည်။ ကျောင်းသားတစ်ဦးစီသည် သူ/သူမဖြေဆိုရန် အလွယ်ကူဆုံးမေးခွန်း ၅ ခုကို ရွေးချယ်နိုင်သည်။ ဒီလိုနည်းဖြင့် ဆရာက စာမေးပွဲကို ပို၍လွယ်ကူစေသည်။

များစွာသော ပညတ်တော်ဆယ်ပါး (ငါးပါးသီလ)ကို ထိုနည်းအတိုင်း မှတ်ယူကြသည်။ ပညတ်တော်ဆယ်ပါးကို ပေးဆောင်ပြီးနောက် ဘုရားသခင်သည် “ဤဆယ်ပါးမှ သင်နှစ်သက်ရာ ခြောက်ခုကို ကြိုးစားပါ” ဟုဆိုလိုသည်ဟု သူတို့ထင်မြင်ကြသည်။ ကျွန်ုပ်တို့၏ ‘မကောင်းမှု’ နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကျွန်ုပ်တို့၏ ‘ကောင်းသောမှုအရာ’ ကို ဘုရားသခင် မျှတအောင် ချိန်ညှိပေးမည်ဟု ကျွန်ုပ်တို့ တွေးထင်သောကြောင့် ဤကဲ့သို့တွေးထင်မိပါသည်။ ကောင်းသောအမှုအရာများထက် ကျွန်ုပ်တို့၏မကောင်းမှုကိုပယ်ဖျက်ပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်နှာသာရရန် (သို့) ကျွန်ုပ်တို့၏ အပြစ်အကျိုးဆက်ကို ပယ်ဖျက်ရန်မျှော်လင့်ပါသည်။
သို့ရာတွင်၊ ပညတ်တော်ဆယ်ပါးကို မှန်ကန်စွာဖတ်ရှုခြင်းတွင် ဘုရားသခင်ပေးထားသည့်ပုံစံမဟုတ်ကြောင်း ဖော်ပြသည်။ ပညတ်တော် များအားလုံးကို လူအများက အချိန်တိုင်း လိုက်နာစောင့်ထိန်းရန် ဘုရားသခင်က မျှော်လင့်ထားသည်။ ဤအခက်အခဲကြောင့် လူအများက ပညတ်တော်ဆယ်ပါးကို ပယ်ချပြီး ငါးပါးသီလကို အပျက်သဘောဖြင့် ရှုမြင်ကြသည်။ လူတို့သည် ၎င်းတို့အား ချက်ချင်းလိုအပ်ချက်များ မဟုတ်ပဲ ရေရှည်ပန်းတိုင်များအဖြစ်ရိုးရှင်းစွာ သဘောထားကြသည်။ သို့သောါ နှစ်မျိုးစလုံးက အတွင်း၌ရှိသည့် အရင်းခံပြဿနာကို ဖော်ထုတ်ဖို့အတွက် ပေးခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု သရုပ်ဖော်ပုံ
ငါးပါးသီလနှင့် ပညတ်တော်ဆယ်ပါး၏ ရည်ရွယ်ချက်ကို COVID-19 ၏ရှုထောင့်ဖြင့် နားလည်နိုင်သည်။ COVID-19 သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အသက်ရှူမဝခြင်း စသည့်လက္ခဏာများ ပေးပါသည်။ သို့သော် ဤအရာအားလုံးဟာ မမြင်နိုင်လောက်အောင် သေးငယ် ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်တာပါ။
တစ်ယောက်ယောက် အဖျားကြီးပြီး ချောင်းဆိုးနေတယ်ဆိုပါစို့။ ထိုလူက ဤလက္ခဏာများကို ဘာကဖြစ်စေတာလဲလို့ တွေးနေလိမ့်မည်။ သူ (သို့) သူမတွင် သာမန်အဖျားရှိသလား (သို့) ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရပါသလား။ သို့ဆိုလျှင်၊ ၎င်းသည် ကြီးလေးသောပြဿနာတစ်ခုဖြစ်လိမ့်မည် – အသက်အန္တရာယ်ပင်ဖြစ်နိုင်သည်။ ကိုရိုနာဗိုင်းရပ်ဟာ အလွန်လျင်မြန်စွာ ပြန့်ပွားနေပြီး လူတိုင်း ကူးစက်နိုင်သည့်အတွက် ဤသည်က အမှန်တကယ်ဖြစ်နိုင်ချေတစ်ခုအဖြစ် ကျန်ရှိနေပါသေးသည်။ ၎င်းတို့သိရှိနိုင်ရန် COVID PCR (သိုု့) COVID Rapid စမ်းသပ်ချက် များကို ပြုလုပ်ပါ။ ဤစစ်ဆေးမှုများသည် ၎င်းတို့၏ခန္ဓာကိုယ်တွင် ကိုရိုနာဗိုင်းရပ်ရှိ၊ မရှိကို ဆုံးဖြတ်ပေးသည်။ စစ်ဆေးမှုများသည် ၎င်းတို့၏ရောဂါကို မကုသနိုင်သော်လည်း ၎င်းတို့တွင် COVID-19 ဖြစ်ပေါ်စေသည့် ကိုရိုနာဗိုင်းရပ်ပိုးရှိမရှိကို ရှင်းလင်းစွာ ပြောပြသည်။
ကျွန်ုပ်တို့၏အပြစ်အကျိုးကို ဆုံးဖြတ်ရန် စမ်းသပ်မှုများ
ထိုအရာက ငါးပါးသီလနှင့် ပညတ်တော်ဆယ်ပါးနှင့်ပင် တူပါသည်။ အကျင့်စာရိတ္တယိုယွင်းမှုသည် ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော COVID-19 ကဲ့သို့ ယနေ့ခေတ်တွင် အဖြစ်များပါသည်။ ဤကျင့်ဝတ်ဆိုင်ရာ ကုဒ်များကို ပေးဆောင်ထားသောကြောင့် ကျွန်ုပ်တို့၏အသက်တာများကို တိုင်းတာခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်နှင့်ယင်း၏အကျိုးဆက်မှ ကင်းလွတ်ခြင်း ရှိ၊မရှိ (သို့) အပြစ်သည် ကျွန်ုပ်တို့၌ စွဲမြဲနေမည်ကို သိရှိနိုင်မည်ဖြစ်သည်။ ဤကျင့်ဝတ်ဆိုင်ရာ ပညတ်များသည် ကိုရိုနာဗိုင်းရပ်စမ်းသပ်မှုကဲ့သို့ပင် လုပ်ဆောင်သည်။ ၎င်းတို့သည် သင့်တွင်ရောဂါပိုး (အပြစ်) ရှိ (သို့) မရှိခြင်းကို ညွှန်ပြသည်။
အပြစ်သည် ကျွန်ုပ်တို့မျှော်လင့်ထားသည့် ပစ်မှတ်ဖြစ်သော အခြားသူများ၊ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်အား ကျွန်ုပ်တို့မည်သို့ဆက်ဆံပုံတွင် လွဲချော်သွားခြင်းဟု စာသားအရဆိုလိုသည်။ သို့သော် ကျွန်ုပ်တို့၏ပြဿနာကို အသိအမှတ်ပြုမည့်အစား၊
- မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ကာ မှားယွင်းသောစံနှုန်းများနှင့် တိုင်းတာခြင်း၊
- သာသနာ့ကုသိုလ်ကောင်းမှု ရဖို့ရန် ပိုကြိုးစားအားထုတ်ခြင်း (သို့)
- အရှုံးပေး၍ အပျော်အပါးအတွက် အသက်ရှင်ခြင်း။
ထို့ကြောင့် ဘုရားသခင်သည် ဤကုဒ်များပေးရန်အတွက် ဗုဒ္ဓနှင့် မောရှေကဲ့သို့သော လူတို့ကိုအသုံးပြုခဲ့သည်။
၁၅ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။
ရောမ ၂:၁၅
နှင့်
၂၀ ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။
ရောမ ၃:၂၀
ကျွန်ုပ်တို့သည် ဤကုဒ်များကို ဆန့်ကျင်၍ ကျွန်ုပ်တို့၏ဘဝကို ဆန်းစစ်ပါက ကျွန်ုပ်တို့၏အတွင်းပိုင်းပြဿနာကို ဖော်ပြသည့် ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုကို ခံယူရသလိုပင်ဖြစ်သည်။ ဤကုဒ်များသည် ကျွန်ုပ်တို့၏ပြဿနာကို ‘ဖြေရှင်းခြင်း’ မပြုပါ၊ သို့သော် ပြဿနာကို ရှင်းလင်းစွာဖော်ပြထားသောကြောင့် ကျွန်ုပ်တို့ပေးထားသည့် ကုထုံးကို လက်ခံပါမည်။ မိမိကိုယ်ကို လှည့်စားပြီး မှားယွင်းသော စွဲလမ်းမှုများတွင် ဆက်နေမည့်အစား၊ ဤကုဒ်များသည် ကျွန်ုပ်တို့အား မိမိကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါသည်။
နောင်တရခြင်း၌ ဘုရားသခင်ပေးသောလက်ဆောင်
ဘုရားသခင်သည် ယေရှုခရစ်၏ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်း မှတစ်ဆင့် အပြစ်များကို ခွင့်လွှတ်ခြင်းလက်ဆောင် အားဖြင့် ကုထုံးကိုပေးထားသည်။ ကျွန်ုပ်တို့သည် ယေရှု၏အမှုတော်ကို စိတ်ချခြင်း (သို့) ယုံကြည်ခြင်းရှိပါက ကျွန်ုပ်တို့အား ဤအသက်တာဆုကျေးဇူးကို ရိုးရှင်းစွာပေးထားပါသည်။

Gerard Seghers, Public domain, via Wikimedia Commons
၁၆ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တစ်ပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ၊ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။
ဂလာတိ ၂:၁၆
အာဗြဟံသည် မိမိ၏ အပြစ်အကျိုးကို လက်ခံထားသောကြောင့် ကျွန်ုပ်တို့ကိုလည်း ဖြောင့်မတ်ခြင်းသို့ ပေးအပ်နိုင်သည်။ သို့သော် ကျွန်ုပ်တို့ နောင်တရရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည်မကြာခဏ နောင်တရခြင်းကို နားလည်မှုလွဲသော်လည်း နောင်တသည် အပြစ်မှလွှဲ သွားကာ ဘုရားသခင်နှင့်သူ၏လက်ဆောင်ဆီသို့ လှည့်ခြင်းပါ၀င်သော ‘ကျွန်ုပ်တို့၏စိတ်ကို ပြောင်းလဲခြင်း’ ဟူ၍သာ ဆိုလိုပါသည်။ နောင်တရခြင်းသည် ကျွန်ုပ်တို့၏စိတ်ကိုပြောင်းလဲ၍ အပြစ်မှလွှဲရှောင်ပြီး ကိုယ်တော်၏ဆုကျေးဇူးကိုကိုလက်ခံရန် တို့ဖြစ်ပြီး ကျွန်ုပ်တို့သည် နောင်တတရားကို နားလည်မှုလွဲလေ့ရှိသည်။ သမ္မာကျမ်းစာက ရှင်းပြထားသည်မှာ –
၁၉ နောင်တရ၍၊ စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့။ ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာမည်။
တမန် ၃:၁၉
ဘုရားသခင် မည်သို့ ‘ကျွန်ုပ်တို့၏ အပြစ်များကို သုတ်သင်’ သနည်း။ COVID-19 ရှုထောင့်ကို ဆက်လက်အသုံးပြုရန်၊ ယေရှုမှတစ်ဆင့် ကာကွယ်ဆေးကို ထုတ်လုပ်ခဲ့သည်ကို ဤနေရာတွင် ကျွန်ုပ်တို့ကြည့်ရှုနိုင်သည်။ ဘုရားသခင်သည် သူ၏ကြီးမားသောကရုဏာဖြင့် ကျွန်ုပ်တို့ကို စမ်းသပ်ခြင်းနှင့် ကျွန်ုပ်တို့ခေတ်တွင် အပြစ်အတွက် ကာကွယ်ဆေးကို ပေးထားသည်။
မောရှေသည် ဣသရေလလူတို့ကို ပညတ္တိကျမ်း၌တည်စေပြီးနောက်၊ သူတို့အပေါ် ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းနှစ်ရပ်စလုံးကို ကြေညာခဲ့သည်။ တရားကို စောင့်လျှင် ကောင်းချီးမင်္ဂလာ၊ မစောင့်လျှင် ကျိန်ခြင်းတည်း။ လူ့သမိုင်းကို မည်သို့အကျိုးသက်ရောက်ခဲ့သည်ကို နောက်တွင် ဆက်ကြည့်ရအောင်။