Skip to content
Home » လူသားတို့၏ ဒုက္ခကျိန်စာ

လူသားတို့၏ ဒုက္ခကျိန်စာ

ရှေးဟေဗြဲကျမ်းဂန်များတွင် တဏှာ(Tanha) နှင့် ကိလေသာ၊ မှားယွင်းသောအတွေးများ (Kleshas) ဖြစ်ပေါ်လာပုံကို သမိုင်းအစတွင် မှတ်တမ်းတင်ထားသည်ကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ ဒုက္ခဟု ခေါ်သော ဆင်းရဲမှု၊ ဝေဒနာနှင့် မပျော်ရွှင်မှု တို့ကား အဘယ်နည်း။ ဒုက္ခနှင့် တဏှာတို့သည် ဂေါတမမြတ်စွာဘုရား ဟောကြားထားသော အရိယာသစ္စာလေးပါး၏ အခြေခံဖြစ်သည်။

ထို့အတူ အနိစ္စ (ပါဠိ) (သို့) (သက္ကတ) ဟုခေါ်သော မမြဲသောတရားဟူသည် အဘယ်နည်း။ အနိစ္စ ၏ ထိုးထွင်းသိမြင်မှုသည် ဖြစ်တည်မှုအားလုံးသည် ယာယီသာဖြစ်ပြီး မတည်မြဲကြောင်း အခိုင်အမာဆိုသည်။ ရုပ်ဝတ္ထုပစ္စည်းပဲဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်စေ အရာခပ်သိမ်းဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေသော အခြေအနေတွင် ဒြပ်ပေါင်းတွေဖြစ်ပြီး ဆုတ်ယုတ်ပျက်စီးခြင်းနှင့် သက်ဆိုင်သည်။ ဖြစ်၍ နောက်ဆုံးတွက် ပျက်သွားကြသည်။

ရှေးခေတ်ဟေဗြဲကျမ်းစောင်များတွင် အနိစ္စ (သို့) မမြဲခြင်းဟူသည် ဖြစ်ပေါ်လာပုံကို ရှင်းပြပါသလား။

ဖန်ဆင်းရှင်ဘုရားသခင်ထံရန်သူ (မာရ်နတ်) သည် ပထမလူသားများကို မနာခံခြင်းသို့ ပို့ဆောင်ခဲ့ကြောင်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ လူသားများကို ဘုရားသခင်ပုံသဏ္ဍာန်ဖြင့် ဖန်ဆင်းထားသော်လည်း ယခုအခါ ထိုပုံသဏ္ဍာန်သည် မှားယွင်းသော တွေးခေါ်မှုနှင့် တပ်မက်မှုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် ဖန်ဆင်းရှင်ဘုရားသခင်သည် သူ၏ရန်သူနှင့် လူသားများအတွက်ပါ တုံ့ပြန်ခဲ့သည်။ သူ၏ရန်သူအား သူ၏တုံ့ပြန်မှုကို နောက်ပိုင်းတွင် ကျွန်ုပ်တို့ ကြည့်ရှုကြမည်။ ဤတွင် ကိုယ်တော်သည် ရူပစကြာဝဠာ၊ ရုပ်သဏ္ဍာန်နယ်ပယ် (သို့) ရူပါလောက (ရူပါဒဿု) တို့အတွက် သံသရာကို မည်ကဲ့သို့ ဖြစ်စေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်ရပါသည်။

စကြဝဠာ၏ သံသရာစက်ဝန်း နှင့် ၎င်း၌ရှိသောအရာအားလုံး

ဖန်ဆင်းရှင်သည် အစောဆုံးလူသားများကို ဦးစွာဖန်ဆင်းခဲ့ပြီး သူတို့၏မနာခံမှုကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် လောက၌ အခြားသော နိယာမတရားဖြစ်သည့် ဆင်းရဲချုပ်ရာ (ဒုက္ခ)၊ မမြဲသော (အနိစ္စ) နှင့် သေခြင်း (မနု) ဟူသော နိယာမကို ချမှတ်တော်မူ၏။ ဟေဗြဲကျမ်းစောင်များတွင် ဖန်ဆင်းရှင်ဘုရားသခင်က ယင်းကို မည်သို့အသံထွက်ကြောင်း မှတ်တမ်းတင်ထားသည်။

Adam Works in the Field
အာဒံ လယ်ထဲ၌ အလုပ်လုပ်ခြင်း
Jan Brueghel, PD-US-expired, via Artnet

၁၇ ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။
၁၈  ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။
၁၉  သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။

ကမ္ဘာဦး ၃:၁၇-၁၉

ရုပ်ပိုင်းဆိုင်ရာ သက်ရှိများ (လူ၊ တိရစ္ဆာန်နှင့် အပင်) အားလုံးကို မြေပြင်ရှိ ဓာတုဒြပ်စင်များဖြစ်သည့် ‘ဖုန်မှုန့်’ တို့မှဖန်တီးထားသည်။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရားသခင်သည် ‘မြေ’ ကို ကျိန်သောအခါ ထိုမြေကြီး၏ အစိတ်အပိုင်းများမှ ဖြစ်ပေါ်လာသော သက်ရှိအားလုံးကို သွယ်ဝိုက်၍ ကျိန်သည်။ ၎င်းသည် သက်ရှိများကို မောင်းနှင်ပေးသောစနစ်များ၏ ဂေဟဗေဒ တစ်ခုလုံးကို ထိခိုက်ခဲ့သည်။ ဤစက်ဝန်းသည် ညီညွတ်မှာ မဟုတ်တော့ပါ။ ယင်းအစား လူသားများသည် ‘နာကျင်ပင်ပန်းခြင်း’ တွင် တွေ့ကြုံခံစားနေကြရသည်။ သဘာဝတရားသည် ဒုက္ခဖြစ်သည့် ‘ဆူညောင့်ခလုတ်များ’ ဖြစ်ပေါ်လာစေပြီး လူ၏အလုပ်နှင့် ကြိုးစားအားထုတ်မှုကို စိတ်ပျက်စေမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ လူသားတို့၏ကံကြမ္မာသည် မြေမှုန့်-သေခြင်းသို့ ပြန်သွားရပေလိမ့်မည်။

ယခုမှစ၍ မမြဲခြင်း (သို့) အနိစ္စ သည် စကြဝဠာ၏ဒြပ်စင်များကို ပုံဖော်ပေးလိမ့်မည်။ လူကို ဓာတုဒြပ်စင်များ (ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်) ဖြင့် ပြုလုပ်ထားသောကြောင့် ဆင်းရဲဒုက္ခ (ဒုခ) နှင့် မမြဲခြင်းတို့ကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ သူ၏ သေခြင်းတရားသည် ဇရာမှတဆင့် သေခြင်းတရား၏ ထိပါးမှုကို မြဲမြံစွာခံစားရသည်။ သေခြင်းသည် လူ၊ တိရစ္ဆာန်ဖြစ်စေ၊ အပင်ဖြစ်စေ ခြွင်းချက်မရှိဘဲ သက်ရှိအားလုံးအတွက် ရှောင်လွှဲ၍မရသော ကံကြမ္မာဖြစ်သည်။

မိသားစုများအတွင်း ဒုက္ခရောက်ခြင်းနှင့် ပဋိပက္ခများ

ဖန်ဆင်းရှင်ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကြားဆက်ဆံရေးကို ထိခိုက်စေသည့် ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

၁၆  မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။

ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊

သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု

မိန့်​တော်​မူ၏။ 

ကမ္ဘာဦး ၃:၁၆

မူလက ဘုရားသခင်၏ပုံသဏ္ဌာန်ကို ယောက်ျားနှင့် မိန်းမအဖြစ် ဖန်ဆင်းထားသည်ဖြစ်၍ ဤတစ်လုံးတစ်ဝတည်းဖြစ်ခြင်းင ပြိုကွဲသွားလိမ့်မည်။ ယင်းအစား ယခုမှစ၍ ၎င်းတို့ကြားတွင် ပဋိပက္ခနှင့် ပြိုင်ဆိုင်မှုများ ရှိနေမည်ဖြစ်သည်။ ကလေးမွေးဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာ အခန်းကဏ္ဍသည် ကျေနပ်အားရစရာထက် ‘နာကျင်’ မည်ဖြစ်သည်။

ဤဆောင်းပါးသည် သမိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အထောက်အထားများကို ကြည့်ရှုရန် တရုတ်ဇာတ်ကြောင်းကို ဆန်းစစ် ပေးသည်။

လူ့သမိုင်း၊ အချိန်ကာလတစ်လျှောက်လုံးနှင့် ယဉ်ကျေးမှုအားလုံးတစ်လျှောက်တွင် လျစ်လျူပြုသော ကမ္ဘာကြီးမှ နာကျင်မှုများ၊ မိသားစုများတွင် ခံစားနေရသောဝေဒနာ၊ နာမကျန်းမှု၊ အိုမင်းမှုနှင့် သေဆုံးမှုသည် လူသားအားလုံးအတွက် မှတ်တမ်းတင်ထားသည်။ ဤအဖြစ်မှန်သည် အလွန်ထင်ရှားလှသည်။ သို့သော် ဖန်ဆင်းရှင်သည် လူသား ကိလေသာ (မှားယွင်းသောအတွေးများ) နှင့် တဏှာ (တွယ်တာမှုများ) ကို အဘယ်ကြောင့် တုံ့ပြန်သနည်း။

ဒက္ခိဏနှင့်မရဏသည် အဘယ်ကြောင့်နည်း။

‘ကောင်းမကောင်းကို သိခြင်းသစ်ပင်’ သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်ရုံမျှဖြင့် သိခြင်းအားပေးစွမ်းခြင်းမရှိပေ။ မာရ်နတ်၏သွေးဆောင်မှု၌၊

5  “ကောင်း​မ​ကောင်း​ကို​သိ၍၊ ဘု​ရား​သ​ခင်​ကဲ့​သို့ ဖြစ်​ကြ​လ​တ္တံ့​

ကမ္ဘာဦး ၃:၅ခ

ဂဏန်းသင်္ချာ၊ ဂျီသြမေတြီ နှင့် အက္ခရာသင်္ချာတို့ကို အဆင့်ဆင့် သင်ယူရင်း လူသည် သင်္ချာကို ‘သိနိုင်သည်’ ကဲ့သို့ ၎င်းကိုသင်ယူခြင်း၏ သဘောအရ ဘုရားသခင်သည် ကောင်း၊ မကောင်းကို ‘မသိ’ ပေ။ အကောင်းနှင့်အဆိုးကို ဆုံးဖြတ်ခြင်းသဘောဖြင့် ဘုရားသခင်သည် အကောင်းနှင့်အဆိုးကို ‘သိ’သည်။ ဘုရားသခင်သည် သင်ယူခြင်း၌မဟုတ်ဘဲ ဆုံးဖြတ်ခြင်းတွင်သာဖြစ်သည်။ ကျွန်ုပ်တို့သည် ဂဏန်းသင်္ချာ၏စည်းမျဉ်းများကို လေ့လာနိုင်သော်လည်း ၎င်း၏စည်းမျဉ်းများသည် မည်သည့်အရာဖြစ်မည်ကို မဆုံးဖြတ်နိုင်ပါ။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရိုးရှင်းစွာ သင်ယူသည်။ ဤနည်းအားဖြင့် ၂ + ၂ = ၅ ကို ရိုးရှင်းစွာ ဆုံးဖြတ်၍မရသော်လည်း ၂ + ၂ = ၄ ကို သိရှိလာပါသည်။ ဤအရာသည် ကျွန်ုပ်တို့ကို သာလွန်စေသော သင်္ချာအမှန်တရားတစ်ခုဖြစ်သည်။

ဤအချိန်အထိ ယောက်ျားနှင့်မိန်းမသည် အဘယ်အရာကောင်းသည်ကို ဆုံးဖြတ်ရန် ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့ကြသည်။ မာရ်နတ်သွေးဆောင်မှု၏ နှလုံးသားမှာ အကောင်းနှင့်အဆိုးကို ဆုံးဖြတ်ရန် ဘုရားသခင်ကို မယုံကြည်တော့ဘဲဖြစ်သည်။ ယင်းအစား၊ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင်၊ ၎င်းတို့သည် အဘယ်အရာသည် ကောင်းရမည်နှင့် မကောင်းသည်ကို ၎င်းတို့၏ကိုယ်ပိုင်အနှစ်သာရဖြင့် ဆုံးဖြတ်ကြမည်ဖြစ်သည်။ ထိုခြေလှမ်းကို လျှောက်လှမ်းရာတွင် သူတို့ကိုယ်သူတို့ ဘုရားသခင်ထံမှ လွတ်လပ်ကြောင်းကြေညာခဲ့သည်။ သူတို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုမှ ခွဲထွက်ခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်မှုကို တည်ခဲ့သည်။ လူက သူသည်(သေးငယ်သော) နတ်ဘုရားဟုလည်း ဆုံးဖြတ်ခဲ့သည်။

သေခြင်းသို့ ခွဲခါခြင်း

ထို့ကြောင့် လူသည်မိမိကို ဖန်ဆင်းရှင်မှ စိတ်ဝိညာဉ်ဖြင့် ခွဲထုတ်ခဲ့သည်။ သို့သော် သူ၏ဘဝရင်းမြစ်သည် ဖန်ဆင်းရှင်ထံမှလာသောကြောင့် မိုက်မဲမှု၏ အမြင့်ဆုံးဖြစ်သည်။ အကိုင်းအခက်တစ်ခုသည် အာဟာရအတွက် သစ်ပင်၏အမြစ်ကို လိုအပ်သောကြောင့် အမြစ်တွင် တစ်သက်လုံး တွယ်ကပ်နေရမည်။ ထိုနည်းအတူပင် လူသားသည် ဘုရားသခင်နှင့် စည်းလုံးညီညွတ်ရမည်။ အမြစ်မှ ဖြတ်သွားသော မိုက်မဲသောအကိုင်းအခက်သည် မကြာမီ ညှိုးနွမ်းပြီးသေဆုံးသွားလိမ့်မည်။ လူသည် ဘုရားသခင်၏ အမိန့်ကို မနာခံသောအခါ မိုက်သောအကိုင်းအခက်ဖြစ်သော လူသည် မိမိအသက်၏အရင်းအမြစ်ဖြစ်သော အမြစ်ကိုဖြတ်ခဲ့သည်။

ဝိဥာဉ် ခွဲခွာခြင်း

ရှေးခေတ်ဟေဗြဲကျမ်းစောင်များတွင် သေခြင်းသည် ‘ခွဲခွာခြင်း’ ကိုဆိုလိုသည်။ လူတစ်ဦးသည် ရုပ်ပိုင်းအရသေဆုံးသောအခါတွင် ဝိညာဉ်နှင့်ခန္ဓာကိုယ် ခြားနားခြင်းခြင်း ကျွန်ုပ်တို့သည် သေခြင်းကို မကြာခဏတွေးတောလေ့ရှိသည်။ ရုပ်သေခြင်း၌ လူ၏ဝိညာဉ်သည် ကိုယ်ခန္ဓာနှင့် ကွဲကွာပြီး လူသည် ‘သေဆုံးခြင်း’ ဖြစ်သည်။ ဤသည်ကား လူ၏ကျက်စားသေားကိုယ်ခန္ဓာသည် ပရိနိဗ္ဗာန်ပြု၍ ခန္ဓာလွတ်သွားသကဲ့သို့ ဖြစ်ပုံရသည်။ သို့သော် သေခြင်းတရားသည် ဝိညာဉ်နှင့်ကိုယ်၏ ပိုင်းခြားခြင်းသာ မဟုတ်ပါ။

ဟေဗြဲကျမ်းစောင်များက သေခြင်းတရားထက်သာ၍ ပြည့်စုံသည်ဟု ရှုမြင်သည်။ သေခြင်းသည် လူသားနှင့် ကိုယ်တော်၏ အသက်ရှင်သော ဖန်ဆင်းရှင်ကြား ဝိညာဉ်ရေးပိုင်းခြားမှုကိုလည်း ဆိုလိုသည်။ လူသည် ‘ဘုရားသခင်ကဲ့သို့’ ဖြစ်စေရန် အကောင်းအဆိုးကို သိသောအပင်မှ အသီးကိုစားသော အခိုက်အတန့်တွင် သေဆုံးသွားသည်။ ဖန်ဆင်းရှင်နှင့် ဝိညာဉ်ရေးအရ ကွဲကွာခဲ့သည်။ ဤသို့ကွဲကွာခြင်းက သူ၏အရှက်၊ ပုန်းလျှိုးကွယ်လျှိုးနှင့် အပြစ်တင်သည်ကို သူ့ကိုယ်သူ ပြသခဲ့သည်။ ယခုအခါတွင် အဝိဇ္ဇာ အကြံအစည်၊ က်လေသာ  (kleshas) နှင့် တပ်မက်မှု၊ တဏှာ (Tanha) တို့၏ ကျွန်ဖြစ်ခဲ့သည်။

ဓာတ်၏ခွဲထွက်ခြင်း

ဤနည်းဖြင့်လည်း စဉ်းစားလို့ရသည်။ ဗုဒ္ဓဘာသာ စကြာဝဠာဗေဒအရ တည်ရှိနေသော ဝိညာဏဓာတ်အား ဘုံသုံးရပ် (သို့)  ဓာတ် ဟူ၍ ပိုင်းခြားရန် အဆိုပြုသည်။

  • ရုပ်မရှိသော ဘုံ (အရူပဓဒဿု)၊
  • ရုပ်ဘုံ (ရူပဒဿု) နှင့်
  • ဆန္ဒ ဘုံ (ကမာဒဿု)။

အစအဦး၌ ရုပ်မရှိသော (သို့) ဝိညာဥ်ဘုံသည် ရုပ်ပိုင်းဆိုင်ရာ (သို့) ရုပ်ဘုံနှင့် ပေါင်းစည်းခဲ့သည်။ မကောင်းသော တပ်မက်မှု ဖြစ်ပေါ်လာသောအခါ ဘုရားရှင်၏ နာမ်ဘုံ (အာရ်ုပိဒဿု) သည် ရုပ်ဘုံ (ရူပါဒဿု) နှင့် ကွဲကွာသွားသဖြင့် နာမ်သေခြင်း ဖြစ်ပေါ်လာ၏။ ထိုနေ့တွင်ပဲ လူဟာ ဝိညာဉ်ရေးအရ သေဆုံးသွားသည်။ ထို့အတွက်ကြောင့် ရုပ်ပိုင်းဆိုင်ရာသေဆုံးမှုစတင်ခဲ့သည်။

Borobudur ဘုရားကျောင်း၊ အင်ဒိုနီးရှား
Irul Oziq, CC BY-SA 4.0, via Wikimedia Commons

ကမ္ဘာပေါ်တွင် အကြီးဆုံး ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် ဘောရောဗုဓ ဘုရားကျောင်းသည် ဗုဒ္ဓဘာသာ စကြာဝဠာဗေဒ နယ်ပယ်သုံးရပ်ကို ပုံဖော်ရန် ဒီဇိုင်းထုတ်ထားသည်။ နယ်ပယ်တစ်ခုစီတိုင်းကို လေးစားဖွယ်အရောင်ဖြင့် မီးမောင်းထိုးပြနိုင်ပြီး အလယ်ဗဟိုတွင် အဖြူရောင်သည် ဗုဒ္ဓဘာသာကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်သည်။ အောက်ဖော်ပြပါ ပုံသည် ဘောရောဗုဓဘုရားကျောင်းသည် နယ်ပယ် ၃ ခုကို ဖြတ်သန်းသွားသော ခရီးကို ထင်ဟပ်စေသည်။

ဘောရောဗုဓ ကျောင်းတော် ပုံကြမ်း
Gunawan Kartapranata, CC BY-SA 3.0, via Wikimedia Commons
ဘောရောဗုဓ ကျောင်းတော် ခေါင်းအထက်
Gunawan Kartapranata, CC BY-SA 3.0, via Wikimedia Commons

ကွဲကွာခြင်းနှင့် ကွာရှင်းခြင်း

အဖြစ်အပျက်ကို နားလည်ရန် အိမ်ထောင်ရေးနှင့် ကွာရှင်းမှုရှုထောင့်ကိုသုံးနိုင်သည်။ သမ္မာကျမ်းစာသည် ဖန်ဆင်းရှင်ဘုရားသခင်နှင့် လူသားတို့ကြားဆက်ဆံရေးကို ဖော်ပြရန် ဤအလင်္ကာကို အသုံးပြုထားသည်။ အိမ်ထောင်ရေးတွင် လက်တွဲဖော်တစ်ဦးမှ ကွာရှင်းရန် တိုင်ကြားသောအခါ လင်မယားနှစ်ဦးသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ခွဲဝေပြီးနောက် သီးခြားဘဝဖြင့် နေထိုင်ကြသည်။ ပထမလူသားများသည် သစ်ပင်မှအသီးကိုစားသောအခါ ၎င်းတို့၏ဖန်ဆင်းရှင်နှင့် ကွာရှင်းရန် တောင်းဆိုခဲ့ကြသည်။

သို့ပေမယ့် ပိုင်ဆိုင်မှုများကို မည်သို့ခွဲမည်နည်း။

အရာအားလုံး (အလင်း၊ စွမ်းအင်၊ သတင်းအချက်အလက်) သည် ဖန်ဆင်းရှင်နှင့်သက်ဆိုင်ပြီး လူသားတို့သည် ကွာရှင်းပြတ်စဲခြင်းတွင် ၎င်းတို့၏တစ်ဦးတည်းသောပိုင်ဆိုင်မှုအဖြစ် အချည်းနှီးသောအမှောင်ကိုသာ ထိန်းသိမ်းထားမည်ဖြစ်သည်။ ကွာရှင်းခြင်းသည် ဖန်ဆင်းရှင်သဘောတူထားသည့်အတိုင်း ကွာရှင်းခြင်း၏အရသာကို အနည်းငယ်မျှသာရရှိစေရန် ကူညီပေးရန်ပေးသည်။ ဤခွဲထွက်ခြင်းတွင် လူသားတို့သည် ပြီးပြတ်သော ပရမ်းပတာနှင့် ပြိုကွဲခြင်းဟူဦ အနည်းငယ်မျှသာ မြည်းစမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်သည် ဤသံသရာကို အစဉ်အမြဲ တည်ရှိနေသော ဖရိုဖရဲယိုယွင်းမှု နှင့် နိစ္စဓူဝ အဖြစ်ဖြင့် တည်ထောင်ခဲ့သည်။ ယင်းက ခွဲခွါခြင်းမခံရမီ ရာသက်ပန်ကွာရှင်းပြတ်စဲခြင်းသို့ ပြန်သွားလိုခြင်း ရှိ၊မရှိ ဆုံးဖြတ်ရန် ကျွန်ုပ်တို့အား ကူညီပေးပါမည်။

ဖန်ဆင်းရှင်သည် လူကိုချစ်၍ သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ရယူရန် စီစဉ်ခဲ့သည်။ သံသရာသည် လူများအား ၎င်းတို့၏ ကွာရှင်းမှုအစီအစဉ်များကို ပြန်လည်အကဲဖြတ်ရန် ခွင့်ပြုမည်ဖြစ်သည်။ ဖန်ဆင်းရှင် ဘုရားသခင်သည် လူသားကို ပြန်လည်ရွေးနှုတ်ရန် စီစဉ်ခဲ့သော်လည်း လူသားသည် ဘုရားသခင်၏ အသက်နှင့်မတူသော တည်ရှိမှုကို ခံစားပြီးမြည်းစမ်းရန်လိုအပ်သည်။ ကမ္ဘာကြီး ပိုဆိုးလာသည်နှင့်အမျှ ကျွန်ုပ်တို့ သင်ယူနိုင်ခဲ့သည်။ 

သို့သော် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို မနာခံရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်သည်လည်း ကျွန်ုပ်တို့ကို ပိုဆိုးသွားစေပါသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူရင်းပုံသဏ္ဍာန်မှ ပျက်စီးသွားသည်ဟု ပုံဖော်ထားသည်။ လူနာတစ်ဦးသည် လူနာတစ်ဦးသည် သူ၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဆရာဝန်တစ်ဦး၏ အနုတ်လက္ခဏာရောဂါလက္ခဏာများကို နားလည်ရန် လိုအပ်သောကြောင့် ကျွန်ုပ်တို့၏လက်ရှိအခြေအနေကို နားလည်ရန် လိုအပ်ပါသည်။ ဆက်လက် လုပ်ဆောင်မည်။

Leave a Reply

Your email address will not be published. Required fields are marked *