Skip to content
Home » ရှင်ပြန်ထမြောက်ခြင်း အဦးသီးများ- သင့်အတွက် အသက်တာ

ရှင်ပြန်ထမြောက်ခြင်း အဦးသီးများ- သင့်အတွက် အသက်တာ

ဂျူးလူမျိုးတို့၏ အဦးသီး ပွဲတော်သည်  ပသခါပွဲ ကဲ့သို့ နာမည်ကြီးခြင်းမရှိပါ။ သို့သော် မောရှေသည် ဘုရားသခင်၏ အမိန့်တော်အတိုင်း အဦးသီးပွဲတို စတင်ခဲ့သည်။ ဝတ်ပြုရာကျမ်း ၂၃ တွင် မောရှေအားဖြင့် သတ်မှတ်ထားသော ပွဲတော်ခုနစ်ခုကို ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ပသခါပွဲ နှင့် ဥပုသ်တော်နေ့ တို့ကို ကြည့်ခဲ့ရပြီဖြစ်ပြီး၊ ယေရှုသည် ၎င်းတို့အား ထူးထူးခြားခြားနည်းလမ်းများဖြင့် ဖြည့်ဆည်းပေးပုံကို တွေ့မြင်ခဲ့ကြရသည်။ 

သခင်ယေရှု၏ ကားတိုင်တင်ခံရခြင်း နှင့် အသေခံခြင်း နှစ်ခုစလုံးသည် ကြိုတင်သတ်မှတ်ထားသော ဤပွဲတော်နှစ်ခုတွင် အတိအကျဖြစ်ပျက်ခဲ့သည်ကို သိချင်ကြသည်မဟုတ်လား။

ကားတိုင်တင်အသေခံခြင်းက ပသခါပွဲ (၆ ရက်မြောက်နေ့) ဖြစ်ပြီး သင်္ချိုင်းတွင်း၌ ထားသည်မှာ ဥပုသ်နေ့ (၇ရက်မြောက်နေ့)ဖြစ်သည်။

ဘာကြောင့်လဲ။ ဘာကိုဆိုလိုသလဲ။

လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ က မောရှေသတ်မှတ်ထားသော ပသခါနှင့်ဥပုသ်ပြီး​နောက် နောက်ထပ် ပွဲတော်မှာ  ‘အဦးသီးပွဲတော်’ ဖြစ်သည်။ မောရှေသည် ထိုညွှန်ကြားချက်များကို ပေးခဲ့သည်။

ဟေဗြဲ အဦးသီးများ ပွဲတော်

 တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊၁၀  သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။ ၁၁ သင်​တို့​သည် စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ဥ​ပုသ်​နေ့​လွန်​မှ၊ နက်​ဖြန်​နေ့​တွင် ထို​ကောက်​လှိုင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရ​မည်။

ဝတ်ပြုရာ ၂၃:၉-၁၁
အဦးသီးများ ရိတ်သိမ်းခြင်း

၁၄  သင်​တို့၏​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​သော​နေ့ မ​ရောက်​မီ၌ မုန့်၊ ဆန်​လှော်၊ စိမ်း​သော​အ​သီး​အ​နှံ​ကို မ​စား​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

ဝတ်ပြုရာ ၂၃:၁၄

ပသခါပွဲ၏ ‘ဥပုသ်နေ့’ သည် ဤတတိယမြောက် မြင့်မြတ်သောပွဲတော်ဖြစ်ပြီး  အဦးသီးပွဲ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဤနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသောဗိမာန်တော်သို့ ဝင်ရောက်ပြီး ပထမအကြိမ် နွေစပါးရိတ်သိမ်းခြင်းကို ပူဇော်သည်။ ဆောင်းရာသီအပြီးတွင် ဘဝသစ်စတင်ခြင်းကို ဆိုလိုသည်။ ၎င်းသည် ပေါများသော ရိတ်သိမ်းမှုဆီသို့ မျှော်ကြည့်ကာ လူအများကိုကျေနပ်စွာ စားသောက်နိုင်စေကာ အသက်ရှင်စေသည်။

ထိုနေ့သည် ယေရှု သေခြင်း၌ အနားယူ၍ ဥပုသ်နေ့ ပြီးသော နေ့ အတိအကျဖြစ်သည်။ နိသန်လ ၁၆ ရက်နေ့သည် နောက်အပတ်၏ တနင်္ဂနွေနေ့ဖြစ်သည်။ ဤနေ့တွင်ဖြစ်ပျက်ခဲ့သမျှကို ခရစ်ဝင်ကျမ်းက မှတ်တမ်းတင်ထားသည်။ ယဇ်ပုရောဟိတ်မင်းသည် ဗိမာန်တော်သို့သွား၍ အသက်တာသစ်၏ အဦးသီးကို ပူဇော်သောနေ့ဖြစ်သည်။ ယခုအီစတာ၊ ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေဟုလူသိများသော အဦးသီးပွဲသည် ဤရှေးခေတ်ပွဲတော်တွင် ပရောဖက်ပြုထားသည့်အတိုင်း သင်နှင့်ကျွန်ုပ်တို့အတွက် အသက်တာအသစ်ကို မည်သို့ပေးဆောင်သည်ကို ကြည့်ပါ။

သခင်ယေရှုသည် သေခြင်းမှထမြောက်သည်

သင်္ချိုင်းတွင်းရှိ အမျိုးသမီးများ

 ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် အ​ရုဏ်​တက်​သော​အ​ချိန်၌၊ ထို​မိန်း​မ​တို့​သည် အ​ခြား​သော​မိန်း​မ​တို့​နှင့်​တ​ကွ မိ​မိ​တို့ ပြင်​ဆင်​သော​နံ့​သာ​မျိုး​ကို ဆောင်​လျက် သင်္ချိုင်း​တော်​သို့ သွား​ကြ၏။  ရောက်​သော​အ​ခါ တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊   သ​ခင်​ယေ​ရှု၏​အ​လောင်း​တော်​ကို မ​တွေ့​ကြ။  ထို​အ​ကြောင်း​ကြောင့် သူ​တို့​သည် တွေး​တော​သော​စိတ်​ရှိ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ပြိုး​ပြိုး​ပြက်​ပြက်​သော အ​ဝတ်​ကို ဝတ်​ဆင်​လျက် ပေါ်​လာ၏။   ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။   ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။  လူ​သား​သည် ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု ဂါ​လိ​လဲ​ပြည်၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို အောက်​မေ့​ကြ​ဦး​ဟု ဆို​ကြ​သည်​ရှိ​သော်၊  ထို​မိန်း​မ​တို့​သည် စ​ကား​တော်​ကို သ​တိ​ရ၍၊

 သင်္ချိုင်း​တော်​က ပြန်​လျှင် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို တစ်​ကျိပ်​တစ်​ပါး​သော​သူ​မှ​စ၍ ကြွင်း​သော တ​ပည့်​တော်​အ​ပေါင်း​တို့​အား ပြန်​ကြား​ကြ၏။ ၁၀  ထို​အ​ကြောင်း​အ​ရာ​ကို တ​မန်​တော်​တို့​အား ပြော​သော​သူ​ကား၊ မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟ​န္န၊ ယာ​ကုပ်၏ အ​မိ​ဖြစ်​သော​မာ​ရိ​မှ​စ၍ အ​ခြား​သော​မိန်း​မ​များ ဖြစ်​သ​တည်း။ ၁၁  သူ​တို့၏​စ​ကား​ကို ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍ တ​မန်​တော်​တို့​သည် မ​ယုံ​ကြ။  ၁၂  သို့​သော်​လည်း ပေ​တ​ရု​သည်​ထ၍ သင်္ချိုင်း​တော်​သို့ ပြေး​လေ၏။ ရောက်​သော​အ​ခါ ငုံ့​ကြည့်၍ ပိတ်​ပု​ဆိုး​သာ​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ ထို​အ​ကြောင်း​အ​ရာ​ကို အံ့​ဩ၍ မိ​မိ​အိမ်​သို့ ပြန်​သွား၏။

လုကာ ၂၄:၁-၁၂

 ဧမောက်ရွာသို့သွားသောလမ်း၌

၁၃  ထို​မှ​တစ်​ပါး၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ခ​ရီး​လေး​တိုင်​ကွာ​သော ဧ​မောက်​အ​မည်​ရှိ​သော​ရွာ​သို့ ထို​နေ့၌ သွား​ကြ​စဉ်​တွင်၊  ၁၄  ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။ ၁၅ ထို​သို့ ဆွေး​နွေး​ပြော​ဆို​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် ချဉ်း​ကပ်၍ သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ ၁၆  ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။

၁၇  ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊

မတ်တပ်ရပ်လိုက်ကြပြီး မျက်နှာတွေ ညှိုးငယ်သွားကြသည်။ ၁၈  သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။

၁၉  ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊

နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။  ၂၀  ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ငါ​တို့​မင်း​များ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ၍ လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ကြ​ပြီ။ ၂၁ ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​အံ့​သော​သူ ဖြစ်​သည်​ဟု ငါ​တို့​သည် အ​ထက်​က​မျှော်​လင့်​ကြ​ပြီ။ ထို​မျှ​မ​က ဤ​အ​ကြောင်း​အ​ရာ​ဖြစ်၍ ယ​ခု​သုံး​ရက်​ရှိ​ပြီ။ ၂၂ ငါ​တို့၏​အ​ပေါင်း​အ​ဖော် မိန်း​မ​အ​ချို့​တို့​သည်​လည်း သင်္ချိုင်း​တော်​သို့ စော​စော​သွား၍၊ ၂၃ အ​လောင်း​တော်​ကို မ​တွေ့​လျှင်၊ သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​သည်​ဟု ပြော​သော ကောင်း​ကင်​တ​မန် ထင်​ရှား​ရာ ရူ​ပါ​ရုံ​ကို မိ​မိ​တို့​မြင်​ကြောင်း​ကို ပြန်​လာ၍ ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ ၂၄ ထို​အ​ခါ ငါ​တို့​တွင် အ​ချို့​သော​သူ​တို့​သည် သင်္ချိုင်း​တော်​သို့​သွား၍ မိန်း​မ​တို့​ပြော​ဆို​သည်​အ​တိုင်း တွေ့​သော်​လည်း၊ ကိုယ်​တော်​ကို မ​မြင်​ရ​ဟု ပြော​ဆို​ကြ၏။”

၂၅  ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊ ၂၆  ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။  ၂၇  ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။

၂၈  ထို​တ​ပည့်​တော်​တို့​သည် သွား​သော​ရွာ​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သည် ထို​ရွာ​ကို​လွန်၍ သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ပြ​တော်​မူ​လျှင်၊ ၂၉  ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။

၃၀  စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊  ၃၁  သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။ ၃၂  တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အချင်း​ချင်း ပြော​ဆို​ကြ၏။

၃၃  ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ချက်​ချင်း​ထ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပြီး​မှ၊ တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​အ​တူ စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။ ၃၄  စု​ဝေး​သော​သူ​တို့​က​လည်း၊ သ​ခင်​ဘု​ရား​သည် အ​မှန်​ထ​မြောက်​တော်​မူ​ပြီ။ ရှိ​မုန်​အား ကိုယ်​ကို​ပြ​တော်​မူ​ပြီ​ဟု ပြော​ဆို​လျှင်၊  ၃၅  ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် လမ်း၌ ဖြစ်​သော အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊ မုန့်​ကို​ဖဲ့​စဉ်​တွင် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ပြန်​ကြား​ကြ၏။

လုကာ ၂၄:၁၃-၃၅

ယေရှုသည် တ​ပ​ည့်​တော်တို့ထံ ကိုယ်​ထင်​ပြ​ခြင်း

 ၃၆ ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။

၃၇  တ​ပည့်​တော်​တို့​သည် တ​စ္ဆေ​ကို​မြင်​သည်​ဟု စိတ်​ထင်​နှင့် ထိတ်​လန့်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။  ၃၈  ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။ ၃၉  ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊

၄၀  လက်​တော်​ခြေ​တော်​တို့​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။  ၄၁  ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ၄၂  ငါး​ကင်​တစ်​ပိုင်း​နှင့် ပျား​လ​ပို့​ကို ကပ်​ပေး​ကြ၏။ ၄၃ ကိုယ်​တော်​သည် ယူ၍ သူ​တို့​ရှေ့​မှာ စား​တော်​မူ၏။

၄၄  တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။

၄၅  ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊ ၄၆  ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။  ၄၇  ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။  ၄၈  သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။

လုကာ ၂၄:၃၆-၄၈
ယေရှုရှင်ပြန်ထမြောက်ပြီ

သခင်ယေရှု၏ အဦးသီး အောင်မြင်မှုများ

သေခြင်းမှထမြောက်သောအခါ ယေရှုသည် ‘အဦးသီးများ’ ပွဲတော်တွင် သေခြင်းအပေါ် အောင်ပွဲခံခဲ့သည်။ ဤသည်မှာ သူ့ရန်သူများနှင့် တပည့်တော်တို့ကပါ မဖြစ်နိုင်ဘူးဟု ထင်သော စွမ်းဆောင်မှုတစ်ခုဖြစ်သည်။ ယနေ့တွင် သူ၏အောင်မြင်ခြင်းသည် ကောင်းမွန်သော အောင်ပွဲဖြစ်သည်။

၅၄  ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။

၅၅  အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။

အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

၅၇  သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား

ပေတည်း။

၁ ကောရိန္သု ၁၅:၅၄-၅၆

‘အဦးသီး’ တို့သည် အကြီးကျယ်ဆုံးသော အခန်းကဏ္ဍကို ပြောင်းပြန်လှန်ပေးခဲ့သည်။ ယခင်က သေခြင်းတရားသည် လူသားများအပေါ်တွင် အကြွင်းမဲ့အာဏာရှိခဲ့သည်။ ယခုမူကား၊ ယေရှုသည် သေခြင်းတရားကို လွှမ်းမိုးနိုင်ပြီ။ ယေရှုက ထိုအရာကို အနိုင်ယူခဲ့သည်။ ယေရှုသည် အပြစ်မရှိဘဲ အသေခံခြင်းဖြင့် အနိုင်ယူ၍မရနိုင်သော သေခြင်းတရားကို အနိုင်ယူရန် အစကိုတွေ့ရှိခဲ့သည်။ ယခင်တနင်္ဂနွေနေ့ကပ်င ယေရုရှလင်မြို့သိုဝင်သောအခါ သူပြုမည်ဟု ပြောခဲ့သည့်အတိုင်း အတိအကျဖြစ်သည်။

သင်နှင့်ကျွန်ုပ်အတွက် အောင်ပွဲ

သို့သော် ထိုအရာသည်ယေရှုအတွက် အောင်ပွဲတစ်ခုမျှသာ မဟုတ်ပါ။ အဦးသီးများဖြင့် သင်နှင့်ကျွန်ုပ်အတွက် အာမခံချက်ပေးသော အောင်ပွဲတစ်ခုလည်းဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည် –

၂၀  ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။  ၂၁  သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။  ၂၂ လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။  ၂၃ သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ၂၄  ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။ ၂၅  ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။  ၂၆  နောက်​ဆုံး​သော ရန်​သူ​တည်း​ဟူ​သော သေ​မင်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လ​တ္တံ့။

၁ ကောရိန္သု ၁၅:၂၀-၂၆
ယေရှုသည်သေခြင်းကို အောင်ပြီယေရှုသည်သေခြင်းကို အောင်ပြီ
Distant Shores Media/Sweet PublishingCC BY-SA 3.0, via Wikimedia Commons

ယေရှုသည် အဦးသီးပွဲတွင် ရှင်ပြန်ထမြောက်ခဲ့ပြီး  သေခြင်းမှထမြောက်ခြင်းတွင်ပါဝင်နိုင်ရန် ကျွန်ုပ်တို့ကိုခေါ်ဖိတ်ကြောင်း ကျွန်ုပ်တို့သိရှိနိုင်စေရန်ဖြစ်သည်။  အဦးသီးများပွဲသည် နောက်ပိုင်းတွင် ကြီးစွာသော အသီးအနှံများကို မျှော်လင့်ခြင်းဖြင့် နွေဦးအသက်တာသစ်ကို ပူဇော်သက္ကာပြုခြင်းဖြစ်သည်။ အလားတူ၊ ‘အဦးသီးများ’ ပွဲတွင် ယေရှုထမြောက်ခြင်းသည် ‘ကိုယ်တော်နှင့်စပ်ဆိုင်သူ’ အားလုံးအတွက် နောက်ပိုင်းတွင် ထမြောက်ခြင်းမျှော်လင့်ချက်ရှိနေသည်။

နောက်ထပ်အာဒံ…

သမ္မာကျမ်းစာမှ အထက်ပါကိုးကားချက်သည် လူသားအားလုံး၏ မျိုးရိုးစဉ်ဆက်ဖြစ်သော အာဒံ ၏ပုံသက်သေကို အသုံးပြု၍ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ရှင်းပြထားသည်။ ကျွန်ုပ်တို့အားလုံးက သူ၏သားသမီးများဖြစ်သည်။ အာဒံ၏သေခြင်းမှတစ်ဆင့် လူသားအားလုံးထံ ရောက်ရှိလာကြောင်း သမ္မာကျမ်းစာက ရှင်းပြထားသည်။ 

သို့သော် ယေရှုသည် နောက်အာဒံဖြစ်သည်။ သေခြင်းတရားကို အောင်ပွဲခံခြင်းဖြင့် အသက်တာသစ်ကို စတင်ခဲ့သည်။ သူ၏သားသမီးများအနေနှင့်၊ ယေရှုကဲ့သို့ သေခြင်းအပေါ်ရှင်ပြန်ထမြောက်ခြင်းတွင် ကျွန်ုပ်တို့လည်း ပါဝင်ကြမည်ဖြစ်သည်။ အဦးသီးများပွဲတော်သည် လာမည့်ပင်မရိတ်သိမ်းချိန်ကိုညွှန်ပြသည့်အတိုင်း သူဦးစွာထမြောက်ခဲ့ပြီး ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းသည် နောက်ပိုင်းတွင်လာပါသည်။ ကျွန်ုပ်တို့၏ ရှင်ပြန်ထမြောက်ခြင်းသည် သူ၏နောက်သို့လိုက်နိုင်စေရန်၊ ပထမဆုံးသောအသက်တာ၏ အဦးသီးများကိုခံယူရန် ကျွန်ုပ်တို့ကိုခေါ်ဖိတ်နေသည်။

အီစတာ – ထိုတနင်္ဂနွေနေ့ ရှင်ပြန်ထမြောက်ခြင်းကို ဂုဏ်ပြုခြင်း

ယနေ့တွင်၊ ကျွန်ုပ်တို့သည် ယေရှု၏ထမြောက်ခြင်းကို  အီစတာ ဟု မကြာခဏခေါ်ဆိုကြပြီး  အီစတာ တနင်္ဂနွေသည်  ကိုယ်တော်ရှင်ပြန်ထမြောက်သော တနင်္ဂနွေနေ့ကို အထိမ်းအမှတ်ပြုသည်။ အီစတာပွဲကျင်းပရန် သီးခြားနည်းလမ်းသည် အရေးမကြီးပါ။ အရေးကြီးသည်မှာ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် အဦးသီးများပြည့်စုံခြင်းနှင့်  ၎င်း၏အကျိုးကျေးဇူးများကို ရရှိခြင်းပင်ဖြစ်သည်

ထိုအရာကို တစ်ပတ်တာ အချိန်ပြဇယားတွင်တွေ့ရသည် –

သခင်ယေရှုသည် သေခြင်းမှထမြောက်ပြီး အဦးသီးများ – သင်နှင့်ကျွန်ုပ်အတွက် ပေးထားသော သေခြင်းမှအသက်တာအသစ်။

‘သောကြာနေကြီး’ ပြန်လည်သုံးသပ်ချက်များ

ဤသည်မှာ  ‘သောကြာနေ့ကြီး’ သည် အဘယ်ကြောင့်  ‘ကောင်းသောနေ့’ ဖြစ်သည်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏မေးခွန်းကို အဖြေပေးပါသည်။

  ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။

ဟေဗြဲ ၂:၉

သခင်ယေရှု ‘သေခြင်း’ ကိုမြည်းစမ်းသောအခါ သင်၊ ကျွန်ုပ်၊ နှင့် ‘လူသားတိုင်း’ အတွက် ထိုသို့ပြုတော်မူ၏။ သောကြာနေ့ကြီးသည်  ကျွန်ုပ်တို့အတွက် ကောင်းမွန်သောကြောင့် ‘ကောင်းသောနေ့’ ဖြစ်သည် ။

ယေရှုရှင်ပြန်ထမြောက်ခြင်းကို ချင့်ချိန်ကြည့်ခြင်း

ယေရှုသည် ရှင်ပြန်ထမြောက်ကြောင်း သက်သေပြရန် ရက်ပေါင်းများစွာ သေခြင်းမှ သူ့ကိုယ်သူ အသက်ရှင်ပြခဲ့ခြင်းကို ဤနေရာတွင် မှတ်တမ်းတင် ထားသည်။ တပည့်တော်တို့ထံ ပထမဦးစွာ ကြွလာသည်ကား –

ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍၊

လု ၂၄:၁၁

ယေရှုက –

27  ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊

လု ၂၄:၂၇

နောက်တခါ –

၄၄  တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။

လု ၂၄:၄၄

သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို ပထမတွင် တပည့်တော်များ မယုံခဲ့ပါ။ ယေရှုသည် သူတို့ထံ ကြွလာသည်မှအပြင်၊ ပရောဖက်များကြိုဟောပုံကိုလည်း သူတို့အား ပြသရမည်ဖြစ်သည်။

သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အခိုင်အမာဆိုချက်ကို ကျွန်ုပ်တို့ရင်ဆိုင်တွေ့ရသောအခါတွင်၊ ကျွန်ုပ်တို့သည် တပည့်တော်များကဲ့သို့ပင် ယုံကြည်ရန်ခက်ခဲပေမည်။ ယေရှုသည် သေခြင်းမှထမြောက်ကြောင်းကို ကျွန်ုပ်တို့ မည်သို့ယုံကြည်နိုင်သနည်း။ ဤအရာသည် ကျွန်ုပ်တို့ကို ထာဝရအသက်ပေးမည့် ဘုရားသခင်၏အစီအစဉ်အမှန်ဟုတ်မဟုတ်ကို ကျွန်ုပ်တို့မည်သို့သေချာနိုင်မည်နည်း။ ယေရှု၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာမေးခွန်းများကို ကျွန်ုပ်တို့ စဉ်းစားတွေးတောရာတွင် ကူညီရန်၊ ကျွန်ုပ်တို့စူးစမ်းလေ့လာရမည်မှာ –

Leave a Reply

Your email address will not be published. Required fields are marked *