Skip to content
Home » မောရှေကဲ့သို့ တောင်ပေါ်တွင် အခွင့်အာဏာရှိစွာ သွန်သင်ခဲ့သော ယေရှု

မောရှေကဲ့သို့ တောင်ပေါ်တွင် အခွင့်အာဏာရှိစွာ သွန်သင်ခဲ့သော ယေရှု

ဂုရု (गुरु) သည် မူရင်း Sanskrit စကားလုံး တွင် ‘ ဂူ ‘ (အမှောင်) နှင့် ‘ ရူ ‘ (အလင်း) မှ ဆင်းသက် လာ သည် ။  ဂုရုတစ်ဦးသည် စစ်မှန်သောအသိပညာအလင်းဖြင့် မသိခြင်း၏အမှောင်ထုကို ဖယ်ရှားပေးရန် သင်ပေးသည်။  ယင်းကဲ့သို့ ဆင်တူသော သင်ကြားမှုကို ဂါလိလဲကမ်းခြေမှ ယေရှုဟောပြောခဲ့ရာ နှစ်ပေါင်း ၁၉၀၀ ကြာပြီးနောက်တွင် အိန္ဒိယနိုင်ငံ၌ မဟတ်မာဂန္ဒီပေါ်ပေါက်လာခဲ့သည်။ ဂန္ဒီအပေါ်တွင် ယေရှု၏ သင်ကြားချက်များသည် သက်ရောက်မှုများစွာရှိသည်။

ဂန္ဒီနှင့် ယေရှု၏တောင်ပေါ်တရားတော်

မဟတ္တမဂန္ဒီ

ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၁၉၀၀ အကြာတွင် အင်္ဂလန်နိုင်ငံတွင် ယခု မဟတ်မာ ဂန္ဒီ (သို့မဟုတ် မိုဟန်းဒတ်စ် ကာရမ်ချန် ဂန္ဒီ) ဟုလူသိများသော အိန္ဒိယနိုင်ငံမှ ဥပဒေကျောင်းသားငယ်တစ်ဦးသည် သမ္မာကျမ်းစာအုပ် လက်ဆောင်ပေးခြင်းခံခဲ့ရသည်။။  တောင်ပေါ်တရားတော်လို့ လူသိများတဲ့ ယေရှုရဲ့သွန်သင်ချက်တွေကို ဖတ်ပြီးတဲ့အခါ ဂန္ဒီက ယခုကဲ့သို့ ပြန်လည် ပြောကြားခဲ့သည်။

“ငါ့နှလုံးကို ဖြောင့်စေသော တောင်ပေါ်တရားတော်”MK Gandhi၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ သို့မဟုတ် အမှန်တရားနှင့် ကျွန်ုပ်၏စမ်းသပ်မှုများ၏ ဇာတ်လမ်း။ ၁၉၂၇ p.၆၃

‘ပါးတစ်ဖက်ကိုလှည့်၍ အရိုက်ခံခြင်း’ နှင့်ပတ်သက်သော ယေရှု၏သွန်သင်ချက်က အနာတရမဖြစ်ခြင်းနှင့် မသတ်ခြင်းဟူသော ရှေးခေတ်ဟိန္ဒူအယူအဆတခုကို ဂန္ဒီအား အမှတ်ရ ထိုးထွင်းသိမြင်စေခဲ့သည်။  နောက်ပိုင်းတွင် ဂန္ဒီသည် ဗြိတိသျှအုပ်စိုးရှင်များကို  အကြမ်းမဖက် အာဏာဆန့်ကျင်ခြင်းကို အသုံးပြုသည့် စတီယာဂရာဟာ အမည်တွင်သော  ဤသွန်သင်ချက် အခြေခံသည့် နိုင်ငံရေးစွမ်းအားဖြင့် တွန်းလှန်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာကြားပြီးနောက် စတီယာဂရာ ကြောင့် အိန္ဒိယသည် ဂရိတ် ဗြိတိန်မှ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာ ရရှိခဲ့သည်။  ယေရှု၏သွန်သင်ချက်က ယင်းနိုင်ငံရေး ဖြစ်စဥ်အားလုံးကို အစပျိုးပေးခဲ့သည်။  

ယေရှု၏ ထိုသင်ကြားချက် အသေးစိတ်ကို တချက်ကြည့်ကြည့်ရအောင်။

ယေရှု၏တောင်ပေါ်တရားတော်

ယေရှုသည် မာရ်နတ်၏ လှည့်ဖျားမှုကို ကျော်ဖြတ်ပြီးနောက်  ဤတရားတော်ကို စတင်သွန်သင်ခဲ့သည်။  ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသော ကိုယ်တော်၏အရှည်ဆုံးသတင်းစကားကို တောင်ပေါ်တရားတော်ဟုခေါ်သည်။   ယခုဆောင်းပါးတွင် တရားတော်မှ အရေးပါသော အပိုဒ်များကို ဖော်ပြထားပြီး တရားတော်အပြည့်အစုံကို ဒီမှာ ဖတ်လို့ရပါတယ်။ ယခုဆောင်းပါးတွင် ယေရှု၏ တရားတော်ကို မောရှေး ပြောကြားခဲ့သည်များနှင့်ပါဆက်စပ်ပြီး သုံးသပ်သွားပါဦးမယ်။

ယေရှုက အောက်ပါ အချက်တွေကို သွန်သင်ပေးခဲ့သည်-

‘ ‘လူ​မ​သတ်​ရ။ မည်သူမဆို လူ​သတ်​လျှင် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။ ထို့ကြောင့် ယဇ်ပလ္လင်​၌ သင်​၏​ပူဇော်သက္ကာ​ကို​ဆက်သ​မည်​ပြု​စဉ် သင်​၏​ညီအစ်ကို​သည် သင့်​အား အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​ကြောင်း သင်​သတိရ​လျှင် သင်​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​တွင်​ထားခဲ့​ပြီး သင်​၏​ညီအစ်ကို​ထံသို့ ဦးစွာ​သွား​၍ သူ​နှင့်​ပြန်လည်​သင့်မြတ်​အောင်​ပြု​လော့။ ထို့နောက်မှ ပြန်လာ​၍ သင်​၏​ပူဇော်သက္ကာ​ကို ဆက်သ​လော့။ သင်​သည် သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်မြတ်​အောင် အလျင်အမြန်​ပြု​လော့။ သို့မဟုတ်​ပါက ထို​တရားစွဲဆို​သူ​သည် သင့်​ကို တရားသူကြီး​ထံ​အပ်​၍ တရားသူကြီး​သည် အစောင့်​တပ်သား​ထံ​အပ်​သဖြင့် သင်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင့်​အား ငါ​အမှန်​ဆို​မည်။ နောက်ဆုံး​ကွတ်ရန်တေး​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်။ ‘

ရှင်မဿဲခရစ်ဝင် 5:21-26


လိင်ဖေါက်ပြာခြင်

‘ ‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။ သင်​၏​လက်ယာ​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​ထဲသို့​ပစ်ချ​ခြင်း​မ​ခံရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။ သင်​၏​လက်ယာ​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​သို့​မ​လား​ရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။’

ရှင်မဿဲခရစ်ဝင် 5:27-30

လင်မယာကွာခြင်း

‘ ‘မိမိ​မယား​ကို​ကွာရှင်း​သော​သူ​သည် ထို​မယား​အား ဖြတ်စာ​ကို​ပေး​စေ’ ဟု​လည်း ပြော​ထား​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။’

ရှင်မဿဲခရစ်ဝင် 5:31-32

သစ္စကျိန်ခြင်း

‘ တစ်ဖန် ‘မမှန်​မကန်​တိုင်တည်​ပြောဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​ကတိ​သစ္စာ​များ​ကို ထာဝရ​ဘုရား​ရှေ့​တော်​၌ စောင့်ထိန်း​ရ​မည်’ ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်တည်​ပြောဆို​ခြင်း​ကို လုံးဝ​မ​ပြု​ရ။ ကောင်းကင်​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ဖြစ်​၏။ မြေကြီး​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကိုယ်တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ဂျေရုဆလင်​မြို့​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကြီးမြတ်​သော​ဘုရင်​၏​မြို့​တော်​ဖြစ်​၏။ သင်​၏​ဦးခေါင်း​ကို တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား သင်​သည် ဆံပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင်​၊ သို့မဟုတ် မည်း​အောင်​မ​လုပ်​နိုင်။ သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။ ‘

ရှင်မဿဲခရစ်ဝင် 5:33-37

မျက်စိ​အစား မျက်စိ

‘ ‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။ သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။ သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။’

ရှင်မဿဲခရစ်ဝင် 5:38-42

ရန်သူများအတွက် ချစ်ခြင်းမေတ္တာ

‘ ‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။ သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။ ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။’

ရှင်မဿဲခရစ်ဝင် 5:43-48

Carl BlochPD-US သက်တမ်းကုန်ပြီ ၊ Wikimedia Commons မှတဆင့်

သြဇာအာဏာ၏ လက္ခဏာတို့နှင့် ပြည့်စုံသော တော်ပေါ်တရားတော်

ယေရှုက ဤသို့ သွန်သင်ခဲ့သည် – “ထိုစကားကို သင်တို့ကြားရပြီ ။… ဒါပေမဲ့ ငါထပ်မံပြောကြားမယ် … ”။ ဤဖွဲ့စည်းပုံတွင် သူသည် မောရှေ၏စကားကို ဦးဆုံးကိုးကားပြီးနောက် မိန့်မှာချက်၏အတိုင်းအတာကို လူတို့၏ အတွင်းစိတ်ရင်းများ၊ အတွေးအခေါ်များနှင့် စကားများအထိ တိုးချဲ့ခြုံငုံစေခဲ့သည်။  ယေရှုသည် မောရှေ ချမှတ်ခဲ့သော တင်းကျပ် သော ပညတ် များကို သင်ကြားပေးခဲ့သည် အပြင် ယင်းပညတ်တော်များကို လိုက်နာရန် ပိုမို ခက်ခဲ့အောင်ပင် ပြုလုပ်ခဲ့သည်။

သို့သော် မှတ်သားဖွယ်ကောင်းသည်မှာ မောရှေ၏ပညတ်များကို ယေရှုတိုးချဲ့ခဲ့ပုံဖြစ်သည်။ သူ သည် မိမိ ၏ ကိုယ်ပိုင် အခွင့်အာဏာ အပေါ် အခြေခံ ၍ ထိုသို့ တိုးချဲ့ခြင်းကို ပြုလုပ် ခဲ့ သည် ။ သူက ‘ဒါပေမဲ့ ငါထပ်မံပြောကြားမယ်’ လို့ပြောရုံမျှဖြင့် ပညတ်တော်၏ သက်ရောက်မှုအတိုင်းအတာကို တိုးချဲ့ခဲ့သည်။ ဤ ယေရှု၏ အခွင့်အာဏာသည် နားထောင်သူများအတွက် အံ့အားသင့်ဖွယ်ရာပင်ဖြစ်သည်။

‘ဤ​တရား​စကား​တို့​ကို ယေရှု​သွန်သင်​တော်မူ​ပြီး​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​၏​ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သွန်သင်​တော်မူ​၏။’

ရှင်မဿဲခရစ်ဝင် 7:28-29

ယေရှု သည် ကြီးမြတ်သော အခွင့်အာဏာရှိသူ တဦးပီပီ သင်ကြားမှုများကို ပြုလုပ်ခဲ့သည်။ ယေရှု၏ သင်ကြားမှုများသည် အစော ပိုင်း ကျမ်းစာ ပရောဖက် များ၏ ဘုရား သခင့် သတင်းစကား များ ကို လူ တို့ ထံ လက်ဆင့်ကမ်းခဲ့ကြပုံနှင့် ကွားခြားသည်။ ယေရှု ဘာ ကြောင့် ဒီ လို သွန်သင်နိုင်သလဲ။ ‘ခရစ်တော်’ ကို ဘွဲ့အမည်အဖြစ် ဦးဆုံးကြိုဟောထားသည့် ဆာလံ ၂ တွင် ဘုရားသခင်သည် ခရစ်တော်အား ဤသို့မိန့်တော်မူကြောင်း ဖော်ပြခဲ့သည်-

‘ငါ့​ထံမှ​တောင်း​လော့​။ တောင်း​လျှင် တိုင်းနိုင်ငံ​တို့​ကို သင်​၏​အမွေ​အဖြစ် ငါ​ပေး​၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် သင်​၏​ပိုင်ဆိုင်​ရာ​ဖြစ်စေ​မည်​။ ‘

ဆာလံကျမ်း 2:8

ဘုရားသခင်သည် ‘ခရစ်တော်’ အား နိုင်ငံအားလုံးအပေါ် မြေကြီးစွန်းတိုင်အောင် အခွင့်အာဏာပေးခဲ့သည်။ ထို့ကြောင့် ခရစ်တော်တဦးဖြစ်သည့် ယေရှုသည် အခွင့်အာဏာရှိစွာဖြင့် သင်ကြားမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်လာမည့် ပရောဖက်အကြောင်း ရေးသားကြသော မောရှေနှင့် ခရစ်တော်အကြောင်း ရေးသားကြသော ဒါဝိဒ်၏ သခင်ယေရှု ဆက်နွယ်မှု​

ပရောဖက် နှင့် တောင်ပေါ်တရားတော်

အမှန်မှာ လွန်လေပြီးသောကာလများကပင် မောရှေသည် သူ၏သွန်သင်ပုံတွင် ထူးခြားသော အခြား ‘ပရောဖက်’ တဦး ကြွလာမည်ဟု ကြိုဟောခဲ့သည်။ မောရှေပြောကြားပုံမှာ-

‘သူ​တို့​၏​အမျိုးသားချင်း​များ​ထဲ​မှ သင်​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​နှုတ်​၌ ငါ့​စကား​များ​ကို သွင်းပေး​မည်​ဖြစ်၍ ငါ​မိန့်မှာ​သော​အရာ​ရှိသမျှ​ကို သူ​တို့​အား ဆင့်ဆို​လိမ့်မည်​။ ငါ​၏​နာမ​ဖြင့် ထို​ပရောဖက် ဆင့်ဆို​သော ငါ့​စကား​များ​ကို နား​မ​ထောင်​သော​သူ​အား ငါ​စစ်ကြောစီရင်​မည်​။ ‘

တရားဟောရာကျမ်း 18:18-19

အခွင့်အာဏာရှိစွာ သွန်သင်ခြင်းကိုပြုခဲ့သော ယေရှုသည် ခရစ်တော်အနေဖြင့်လည်း သူ၏အခွင့်အာဏာကို အသုံးပြုခဲ့သောကြောင့် မောရှေ ပရောဖက်ပြုခဲ့သည့် ဘုရားသခင်၏ နှုတ်မြွက်စကားတော်ကဲ့သို့ အာဏာရှိသူ တဦးရောက်လာမည်ဟူသော ဟောကြားချက်ကို ပြည့်စုံစေခဲ့သည်။ တနည်းအားဖြင့် ယေရှုသည် ခရစ်တော်နှင့်ပရောဖက် နှစ်ဦးလုံးအဖြစ် တပြိုင်တည်း ဖြစ်တည်နေခြင်းဖြစ်သည်။

ယေရှုနှင့်မောရှေ

ယေရှုသည် သူ၏တောင်ပေါ်တရားတော်ကို မောရှ၏ သင်ကြားချက်များနှင့် နှိုင်းယှဥ်စေသလို ကွဲလည်းကွဲပြားစေလိုသည်။ ဤအချက်ကို ယေရှု တရားဟောခဲ့သည့် ဟန်ပန်အား သုံးသပ်ကြည့်ခြင်းဖြင့် သိနိုင်သည်။ တရားတော်ကို ပေးရန် ယေရှုသည်-

‘ယေရှု​သည် လူထု​ပရိသတ်​များ​ကို​မြင်​သောအခါ တောင်​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ‘

ရှင်မဿဲခရစ်ဝင် 5:1

Gustave DoréPD-US သက်တမ်းကုန်ပြီ ၊ Wikimedia Commons မှတဆင့်

ယေရှု ဘာကြောင့် တောင်ပေါ် တက်ခဲ့တာလဲ ။ ဒီနေရာမှာ ပညတ်တော်ဆယ်ပါးကို လက်ခံရရှိဖို့ မောရှေ ဘာလုပ်ခဲ့တယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါသည်။

‘ထာဝရဘုရား​သည် သိနာ​တောင်​ထိပ်​သို့ ကြွဆင်း​တော်မူ​ပြီး မောရှေ​အား တောင်​ထိပ်​သို့​တက်​ရန် ခေါ်​တော်မူ​သဖြင့် မောရှေ​သည် တက်သွား​လေ​၏​။ ‘

ထွက်မြောက်ရာကျမ်း 19:20

မောရှေသည် ပညတ်တော်ဆယ်ပါးကိုခံယူရန် တောင်ပေါ်သို့ “တက်” ခဲ့သည်။ ထိုနည်းတူ ယေရှုသည်လည်း တရားတော်မဟော်မီ တောင်ကို “တက်” ရောက်ခဲ့သည်။ ထိုကဲ့သို့ တူညီမှုသည် ကျမ်းစားဟောင်းပါ လာမည့် ပရောဖက်၏ လက္ခဏာများနှင့် ကိုက်ညီမှုရှိနေတော့သည် –  

‘သူ​တို့​၏​အမျိုးသားချင်း​များ​ထဲ​မှ သင်​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​နှုတ်​၌ ငါ့​စကား​များ​ကို သွင်းပေး​မည်​ဖြစ်၍ ငါ​မိန့်မှာ​သော​အရာ​ရှိသမျှ​ကို သူ​တို့​အား ဆင့်ဆို​လိမ့်မည်​။ ‘

တရားဟောရာကျမ်း 18:18

ပရောဖက်သည် မောရှေကဲ့သို့ဖြစ်ရမည်၊ ထို့ကြောင့် ယေရှုလည်း မောရှေကဲ့သို့ပင် တရားတော်မဟော်မီ တောင်ပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ညီညွှတ်ကာ စည်းလုံးတော်မူသော ဘုရားသခင်၏ အစီအစဉ်

အထက်ဖော်ပြပါ ယေရှုနှင့်မောရှကြား ဆင်တူမှုများသည် အနှစ်တစ်ထောင်ကျော်အထိ ဘုရားသခင်၏ အစီအစဥ်သည် အတွေးအခေါ်နှင့် ရည်ရွယ်ချက်တွင် စည်းလုံးမှုရှိကြောင်း ဖော်ပြသည်။ ဤမျှကြာမြင့်သောအချိန်ကာလတွင် ဘုရားသခင်၏ အလိုတစ်ခုတည်းသာ ကြာရှည်နိုင်ပြီး ထိုကဲ့သို့ကြာရှည်မှုကပင် အစီအစဥ်သည် ကိုယ်တော်၏ အလိုတော်ဖြစ်ကြောင်း သက်သေပြနေတော့သည်။ အဘယ့်ကြောင့်ဆိုသော လူ များ ထံမှ အစပြု သော အစီအစဉ်များသည် အခြားလူများပြုလုပ်သော အစီအစဥ်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပြသာနာဖြစ်မြဲ ဖြစ်သောကြောင့်ဖြစ်သည်။ ဥပမာ တခုနှင့်တခု သို့မဟုတ် တဦးနှင့်တဦး ဆန့်ကျင် သော နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ အစီအစဉ် များ စွာ ကို ကြည့် ပါ ။ သို့ရာတွင် လူတို့၏ စီစဥ်မှုနှင့် ဆန့်ကျင်စွာ ကိုယ်တော်၏ အစီအစဥ်မှာမူ သမိုင်းတစ်လျှောက် စည်းလုံးမှုနှင့် ညီညွတ်မှုကို ပြသနေပေသည်။

ကျွန်ုပ်တို့အတွက် ခေတ်သစ်တစ်ခုကို အစပြုခြင်း

ယေရှု နှင့် မော ရှေ သည် တောင် ပေါ် တက် ရာတွင် တစ် ဦး ကို တစ် ဦး ပုံသက်သေ ပြ ကြ သော်လည်း သူတို့၏ သွန်သင်ချက်များကို လက်ခံခဲ့ကြသောသူများ၏ အဖြစ်မှာမူ တူညီမှု မရှိခဲ့ကြပေ။  ယေရှု သည် တောင်ပေါ်တွင် ထိုင် ၍ သွန်သင် သောအခါ သူနှင့် နီးကပ်စေရန် တပည့် များကိုလည်း တောင်ပေါ်သို့ တက်စေခဲ့သည်။  သို့သော် မောရှေ သည် ပညတ်တော်ဆယ် ပါး ကို လက်ခံ ရရှိသောအခါတွင် –

‘ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဆင်းသွား​၍ လူ​တို့​ကို​သတိပေး​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရန် စည်း​ကို​ကျော်ဝင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် သေကျေပျက်စီး​ကြ​လိမ့်မည်​။ ထာဝရဘုရား​ထံသို့ ချဉ်းကပ်​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်မိမိ သန့်ရှင်း​စေ​ရ​မည်​။ သို့မဟုတ်လျှင် ထာဝရဘုရား​သည် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ‘

ထွက်မြောက်ရာကျမ်း 19:21-22

မောရှကာလမှာ ပညတ်တော်ဆယ်ပါးကို လက်ခံရတဲ့သူတွေဟာ သေမှာကို ကြောက်ရွံ့ကြတဲ့အတွက် တောင်နားကို မသွားနိုင်ပေမဲ့ ယေရှုသွန်သင်တဲ့အချိန်မှာ ယေရှုရဲ့နောက်လိုက်တွေက တောင်ပေါ်မှာ ကိုယ်တော်နဲ့အတူထိုင်နိုင်ပါတယ်။ ယင်းအချက်က ဘုရားသခင်နှင့်ဝေးကွာနေမည့်အစား နီးကပ်စွာ နေနိုင်ခြင်းဖြင့် ထူးခြားသော ခေတ်သစ်တစ်ခု စတင်လာကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။  ဓမ္မသစ်ကျမ်းက ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ရှင်းပြသည်မှာ-

‘ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။ ‘

ဧဖက်ဩဝါဒစာ 2:18-19

ကျွန်ုပ်တို့သည် ‘ကိုယ်တော်၏အိမ်သူအိမ်သားများ’ ဖြစ်လာရန် ယခု လမ်းပွင့်ပြီဖြစ်ကြောင်းကို ယေရှုက တပည့်တပန်းများအား တောင်ပေါ်တွင် ပေးထိုင်စေခြင်းဖြင့် ကျွန်ုပ်တို့ကို သိစေခဲ့သည်။

သို့သော် ယေရှု၏ တရားတော်တွင် သူသည် ‘ကိုယ်တော် ၏အိမ်သူအိမ်သားများ’ ထံမှ မည်သည့်အရာများကို မျှော်လင့်ကြောင်းကိုလည်း ထပ်မံရှင်းပြထားသည်။

သင်နှင့်ကျွန်ုပ်သည်လည်း တောင်ပေါ်တရားတော်နဲ့ သက်ဆိုင်ပါတယ်

ဤတရားတော်သည် သင့်ကို စိတ်ရှုပ်ထွေးစေပေမည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့် အတွင်းစိတ်တို့ကိုပါ  ရည်ညွှန်းသက်ရောက်သည့် ဤပညတ်များကို မည်သို့ကျင့်သုံးနိုင်မည်နည်း။ ယေရှု ခရစ် ၏ ရည်ရွယ်ချက်ကား အ ဘယ် နည်း ။  သူ၏နိဂုံးစာကြောင်းမှ ဒီအဖြေကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။

‘သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။’

ရှင်မဿဲခရစ်ဝင် 5:48

ယင်းနိဂုံးသည် အကြံပြုချက်မဟုတ်ဘဲ အမိန့်တစ်ခုဖြစ်ကြောင်း သတိပြုပါ။ ကျွန်ုပ်တို့ကို ကိုယ်တော်ကဲ့သို့ ပြည့်စုံစေဖို့ ယေရှုကပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာကြောင့်လဲ။

အကြောင်းအရင်းမှာ ဘုရားသခင်သည် စုံလင်ပြည်စုံတော်မူပြီး ကျွန်ုပ်တို့သည် သူ၏အိမ်သူအိမ်သားများဖြစ်ကြမည်ဆိုလျှင် မပြည့်စုံနေ၍မရပါ။ မကောင်းမှုထက် ကောင်းမှုကိုပိုလုပ်ရုံဖြင့် လုံလောက်မယ်လို့ ကျွန်တော်တို့ မကြာခဏ တွေးမိတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်မယ်ဆိုရင် ဘုရားသခင်က ကျွန်တော်တို့ကို သူ့ရဲ့အိမ်တော်နဲ့ ပူးပေါင်းခွင့်ပေးလိုက်တဲ့အခါ ကျွန်ုပ်တို့ရဲ့ မကောင်းမှုတွေက အိမ်တော်ရဲ့  ပြည့်စုံမှုကိုထိခိုက်စေကာ ကျွန်တော်တို့ လက်ရှိနေနေတဲ့ လူ့လောကကဲ့သို့ပင် အိမ်တော်ကို ရှုပ်ထွေးပွေလီတဲ့အဖြစ်ကို ရောက်သွားပါစေလိမ့်မယ်။ ယနေ့ကမ္ဘာတွင် ကျွန်ုပ်တို့၏တပ်မက်မှု၊ လောဘကြီးမှု၊ ဒေါသစသည်တို့သည် လောကကို ဖျက်ဆီးနေသော အရာများဖြစ်သည် ။ ကျွန်ုပ်တို့သည် ထိုတပ်မက်မှု၊ လောဘကြီးမှုနှင့် ဒေါသတို့၏ ကျေးကျွန်ဖြစ်နေဆဲအချိန်တွင် ကိုယ်တော်၏အိမ်တော်နှင့် ပူးပေါင်းမည်ဆိုလျှင် ထိုအိမ်တော်သည်လည်း ကျွန်ုပ်တို့လက်ရှိနေထိုင်ရာ ပြဿနာများနှင့်ပြည့်နေသော ဤလောကကဲ့သို့ပဲ လျင်မြန်စွာ ပြောင်းလဲပျက်စီးသွားပါလိမ့်မည်။

အမှန်မှာ ယေရှု၏သွန်သင်ချက်အများစုသည် အပြင်ပန်းအခမ်းအနားထက် ကျွန်ုပ်တို့၏အတွင်းနှလုံးသားကို အာရုံစိုက်စေပါသည်။  ကျွန်ုပ် တို့ ၏ အတွင်းနှလုံးသား ကို ယေရှု မည်မျှအာရုံစိုက်ကြောင်း ဤတွင်ကြည့်ပါ-

‘တစ်ဖန် ကိုယ်တော်​က “လူ့​အတွင်းမှ​ထွက်လာ​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​၏။ အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။ ဤ​ဆိုးညစ်​သော​အရာ​အားလုံး​တို့​သည် အတွင်း​မှ​ထွက်လာ​၍ လူ​ကို​ညစ်ညူး​စေ​၏” ​ဟု မိန့်​တော်မူ​၏။ ‘

ရှင်မာကုခရစ်ဝင် 7:20-23

ပြည့်စုံသော အိမ်တော်

ပြည့်စုံသော အတွင်းစိတ်စင်ကြယ်မှုသည် ကိုယ်တော်၏မိသားစုအတွက် လိုအပ်သောစံနှုန်းဖြစ်သည်။  ဘုရားသခင်သည် ပြည့်စုံအပြစ်ကင်းသော သူကိုသာ  သူ၏ အိမ်ထောင် ထဲသို့ ခွင့်ပြုတော်မူမည်။ သို့သော် ယင်းသည် ကြီးမားသောပြဿနာတစ်ခု ပေါ်ပေါက်စေသည်။

ကျွန်ုပ်တို့သည် မပြည့်စုံပါက ဤအိမ်တော်ကို မည်သို့ဝင်နိုင်မည်နည်း။

ကျွန်ုပ်တို့၏ အပြည့်အဝမပြည့်စုံနိုင်မှုသည် ကျွန်ုပ်တို့ကို စိတ်ပျက်အားလျော့စေနိုင်သည်။

ဒါပေမဲ့ ကိုယ်တော်လိုချင်သောအရာသည် ထိုစိတ်ပျက်မှုဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုသော ကောင်မှုများက ဘုရားသခင်ကဲ့သို့ ပြည့်စုံမှုဖြစ်စေရန် လုံလောက်မှုမရှိခြင်းကိုသိလျှင် စိတ်ဝိညာဥ်ညှိုးနွမ်းတော့လေသည်။  ယေရှုက ဒီအရာနဲပတ်သတ်ပြီး တရားတော်အစတွင် ယခုကဲ့သို့ ဟောကြားခဲ့သည်-

‘ “စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ ‘

ရှင်မဿဲခရစ်ဝင် 5:3

ဉာဏ်ပညာ၏ အစ မှာ ကိုယ်တော်၏သွန်သင် ချက်များ ကို ကျွန်ုပ်တို့နှင့် မသက်ဆိုင် ဟု မရှုမြင်ခြင်း ဖြစ်သည် ။ ကိုယ်တော်၏ သွန်သင်ချက်နှင့် စံနှုန်းသည် ‘အလုံးစုံပြည့်စုံမှု’ ဖြစ်သည်။ ထိုစံနှုန်းကို ကျွန်ုပ်တို့ ပြည့်မှီရန် မဖြစ်နိုင်သည်ကို လက်ခံကာ ကိုယ်တိုင်ပြုသည့် ကောင်းကျိုးအပေါ် မှီခိုအားထားမည့်အစား ကိုယ်တော်ပေးလိုသောအကူအညီကိုလက်ခံမှသာ ကိုယ်တော့်၏ စံနှုန်းနှင့် ကိုက်ညီရန် မျှော်လင့်ချက်ရှိမည်ဖြစ်သည်။

အထက်ဖော်ပြပါ ဘုရားရှေ့မှောက် မိမိကိုယ်ကို အပ်နှံခြင်းသည် ကိုယ်တော်၏ သင်ကြားမှု အားလုံးကို နားလည်ရန် အစဖြစ်သည်။ ယေရှုက သူ့သွန်သင်ချက်များ၏ အခွင့်အာဏာရှိပုံနှင့် ပတ်သတ်ပြီး သက်သေပြခဲ့သည်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *